ဘောကောက်ကို ကန်ခဲ့၍ အနီကဒ်ပြ ထုတ်ပယ်ခံရသည့် ဟာဇက်
https://albanykarennews.blogspot.com/2013/01/blog-post_23.html
ချဲလ်ဆီး ကွင်းလယ်လူ တိုက်စစ် ကစားသမား ဟာဇက်သည် ဆွမ်ဆီး အသင်းနှင့် ဂိုးမရှိ သရေကျခဲ့သည့် အဝေးကွင်း Capital One ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွင် ဘောကောက်ကို ကန်ကျောက်ခဲ့၍ အနီကဒ်ပြ ထုတ်ပယ်ခံရပြီး FA ၏ စုံစမ်း စစ်ဆေးမှုများနှင့် ရင်ဆိုင်နေရသည်။
ထို့အပြင် အဆိုပါ ဘယ်လ်ဂျီယံ လက်ရွေးစင် ဖြစ်သူသည် ယင်းကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေးခြင်းကိုပါ ခံရနိုင်သည်။ ဟာဇက်သည် ပွဲပြီးခါနီး ၁၀ မိနစ် အလိုတွင် ဘောလုံးကို ကျစ်လျစ်အောင် ယူထားသော အသက် ၁၇ နှစ် အရွယ်ရှိ ဘောကောက်ဖြစ်သူ ချာလီမော်ဂန်ကို ကန်ကျောက်ခဲ့သည်။
ယင်းကြောင့် ဟာဇက်မှာ ထုတ်ပယ်ခံရပြီး ဆွမ်ဆီး အသင်းမှာ နှစ်ကျော့ပေါင်း ၂းဝ ဖြင့် နောက်တစ်ဆင့် တက်သွားခဲ့သည်။
ယင်းနှင့် ပတ်သက်၍ ဟာဇက်ကမူ မိမိ၏ အပြုအမူအတွက် တောင်းပန်ကြောင်း၊ ဘောကောင်းဖြစ်သူ ဘောလုံးကို သူ့တစ်ကိုယ်လုံးနှင့် ဖုံးအုပ်ထားကြောင်း၊ မိမိကလည်း ဘောလုံးကို ကန်ခြင်းဖြစ်ပြီး လူကို ကန်ကျောက်ခြင်း မဟုတ်ကြောင်း၊ ပွဲအပြီးမှာ သူကိုယ်တိုင်က အ၀တ်လဲခန်း အထိလာပြီး တောင်းပန်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဘင်နီတက်ဇ်ကလည်း ဟာဇက်နှင့် ဘောကောက်တို့မှာ နှစ်ဦးစလုံး အမှားမကင်ကြောင်း၊ တစ်ယောက်က ပွဲကို အချိန်ဆွဲရန် ကြိုးစားခဲ့သလို တစ်ယောက်ကလည်း အသင်းအနိုင်ရဖို့ အတွက် ဘောလုံးကို အလျင်အမြန် လိုချင်နေကြောင်း၊ ယင်းကြောင့် နှစ်ဘက်စလုံး အမှားမကင်းကြောင်း၊ မိမိတို့ အနေဖြင့် ယခု ဖြစ်ရပ်ကို သေချာ လေးနက်စွာ စုံစမ်းမည်ဖြစ်ပြီး FA ဘက်ကိုလည်း နားစွင့်နေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆွမ်ဆီး နည်းပြ မိုက်ကယ်လောဒရပ်ကမူ ဘောလုံးကို အလျင်အမြန် ရယူလိုသည့် ဟာဇက်နှင့် ပတ်သက်ပြီး မိမိလည် ကစားသမား တစ်ဦး ဖြစ်ခဲ့ဖူး၍ နားလည်ကြောင်း ဆိုသည်။
ဆွမ်ဆီး အသင်းအနေဖြင့် ယခုလို ပြည်တွင်း အဓိကဖလား ပြိုင်ပွဲ တစ်ခုတွင် ဖိုင်နယ် အဆင့်သို့ တက်ခြင်းသည် အသင်း၏ သမိုင်းတစ်လျှောက် နှစ်ပေါင်း ၁၀၀ အတွင်း ပထမဆုံးသော အောင်မြင်မှု ဖြစ်သည်။
Ref: http://www.yatanarpon.com.mm/
Posted by
Unknown

Post a CommentDefault CommentsFacebook Comments