နော်ဝေနိုင်ငံမှ ကရင်နှစ်သစ်ကူး ကျင်းပပြီးစီး


( ဓါတ်ပုံတွေကို  Y.K Ak47(နော်ဝေ) က ပို့လာပေးတာဖြစ်ပါတယ်။

နော်ဝေး နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ကရင်အဖွဲ့အစည်းဖြစ်တဲ့ NNKC (Northern Norway Karen Community) က ဦးစီးပြီး ၂၇၅၂ နှစ်မြောက် ကရင်ရိုးရာနှစ်သစ်ကူးပွဲတော်ကို (၁.၁.၂၀၁၃)ရက်နေ့ (၁၁း၀၀)နာရီ အချိန် Harstad မြို့လေးမှာ ကျင်းပပြီးသွားပြီ ဖြစ်ပါတယ်။

နှစ်သစ်ကူးအခမ်းအနားမှာ ကရင်အမျိုးသားအလံကိုအလေးပြုခြင်း၊ ရိုးရာတူရိယာအကများဖြင့် 
ဖျော်ဖြေတင်ဆက်ခြင်း၊ ရိုးရာတူရိယာများဖြင့် တီးမှုတ်ဖျော်ဖြေခြင်း၊သက်ကြီးရွယ်အိုတွေကိုဂုဏ်ပြုခြင်း၊ အတူတကွနေ့လည်စာစားသုံးကြခြင်း၊ လူငယ်တွေရဲ့သဘာဝ ခေတ်ပေါ်တေးဂီတတွေနဲ့ဖျော်ဖြေသီဆိုခြင်း
စတဲ့ အစီအစဉ်များနဲ့ စည်ကားခဲ့ပါတယ်။
နှစ်သစ်ကူးအခမ်းအနားတက်ရောက်လာကြသူတချို့က  ပျော်ရွှင်မှုများစွာဖြင့်
 ကိုယ့်ရပ်ကိုယ့်ရွာကိုယ့်ဒေသကို တဒင်္ဂက ခဏပြန်ရောက်နေရသလို ခံစားရခဲ့ရတယ်လို့လည်း
ဆိုကြပါတယ်။
 တနေ့နေ့တချိန်ချိန်မှာ အခြေအနေအရ ကွဲကွာနေကြရတဲ့မိသားစုတွေ လုပ်ဖေါ်ကိုင်ဘက်ရောင်းရင်းမိတ်ဆွေတွေ၊ဆွေမျိုးသင်္ဂဟ ညီအကိုမောင်နှမတွေ ချစ်သူတွေ ပြန်လည်ဆုံဆည်းနိုင်ကြပါစေလို့ နဲ့  ပြည်တွင်းစစ်ကြီးအမြန်အဆုံးသတ်ပြီးဆုံးပြီး ကရင်လူမျိုးတွေနဲ့တိုင်းရင်းသားမျိုးနွယ်စုတွေလိုလါးတောင့်တလိုချင်ကြတဲ့ စစ်မှန်တဲ့ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်ရှိပြီးတန်းတုအခွင့်ရေးရှိတဲ့ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ပါစေလို့ တက်ရောက်လာသူများက ခုလိုနှစ်သစ်အခါသမယမှာ ဆုတောင်းခဲ့ကြကြောင်းလည်း သိရပါတယ်။ 
မှတ်တမ်းဓါတ်ပုံများ ကြည့်ရှုနိုင်ပါတယ်။






























Related

news 4185644450381917500

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item