မြန်မာကို ဆွီဒင်လက်နက်များ မပေးကြောင်း အိန္ဒိယငြင်းဆို



ကချင်စစ်ပွဲများတွင် အစိုးရတပ်မှ အသုံးပြုသည်ဆိုသော ဆွီဒင်ထုတ် လက်နက်များကို မြန်မာအစိုးရသို့ ပေးအပ်ခဲ့ခြင်းမရှိကြောင်း မြန်မာနိုင်ငံရောက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆာလ်မန် ကူရ်ရှိဒ်က ပြောဆိုလိုက်သည်။ “ဒါကရှင်းပါတယ်။

 ကျနော်တို့ဟာ လက်နက် ထောက်ပံ့တာမျိုးတွေ မလုပ်ပါဘူး”ဟု ကူရ်ရှိဒ်က သတင်းထောက်များကိုဖြေကြား ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

 အိန္ဒိယအစိုးရအနေဖြင့် ဆွီဒင်နိုင်ငံလုပ် လက်နက်များ မြန်မာနိုင်ငံသို့ မည်သို့မည်ပုံရောက်သွားသည်ကို စုံစမ်းမှုများပြုမည်ဖြစ်ကြောင်းနှင့် အိန္ဒိယ စစ်တပ်က အဆိုပါလက်နက်များကိစ္စ စစ်ဆေးမှုများ ပြုလုပ်မည်ဟုလည်း သူက ဆိုသည်။

အိန္ဒိယသို့ ရောင်းချထားသော ဆွီဒင်နိုင်ငံထုတ် လက်နက်များအရေးနှင့် ပတ်သက်ပြီး အိန္ဒိယအစိုးရအနေနှင့်ဖြေရှင်း ပေးရန် ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့် ဆွီဒင်နိုင်ငံကလည်း တောင်းဆိုထားသည်။

ဆွီဒင်ကုန်သွယ်ရေး ၀န်ကြီး အီဝါဘီရောလင်းက“ဒီလက်နက်တွေ ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့ အိန္ဒိယ သံအမတ်ကို ဆက်သွယ် ပြောဆိုထားပါတယ်။ ဒီလက်နက်တွေဟာ ဆွီဒင်ကနေ အိန္ဒိယကိုရောင်းလိုက်တဲ့ လက်နက်တွေဖြစ်တယ်လို့ ဆွီဒင်အခြေစိုက် ပြည်ပသို့ တရားမ၀င် လက်နက်တင်ပို့မှု ထိန်းချုပ်ရေးအဖွဲ့က အကြောင်းကြားထားပါတယ်”ဟု ဆွီဒင် လွှတ်တော်တွင် ကြာသ ပတေး နေ့က ပြောဆိုထားသည်။

 သမ္မတ ဦးသိန်းစိန် လက်ထက်တွင် အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုများမှ တချို့ကို ဖယ်ရှားပေးခဲ့သော်လည်း နိုင်ငံတွင်းလက်နက်ကိုင် ပဋိပက္ခများရှိနေဆဲဖြစ်သည့်အတွက် မြန်မာအစိုးရထံသို့ လက်နက် ရောင်းချခြင်းမပြုရန် ပိတ်ပင်တားမြစ်မှုများ ထားရှိဆဲ ဖြစ်သည်။ လက်ရှိဖြစ်ပွားနေသော ကချင်စစ်ပွဲများတွင် အစိုးရတပ်များ အသုံးပြုသည့် ဆွီဒင်နိုင်ငံလုပ် အဆင့်မြင့် M-3 Carl Gustaf လက်နက်များကို ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) က သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းများ ပြီးခဲ့သည့် အပတ် အတွင်း တွင် ထွက်ပေါ်လာခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင် သတင်းစာဆရာ ဘာတေးလ် လစ်တနာက အဆိုပါ ဆွီဒင်နိုင်ငံလုပ် စစ်လက်နက် ပစ္စည်းများသည် အိမ်နီးချင်း အိန္ဒိယနိုင်ငံမှ ရရှိခြင်းဖြစ်နိုင်ကြောင်း၊ အိန္ဒိယသည် ဆွီဒင်နိုင်ငံမှ လက်နက်အများဆုံး ၀ယ်ယူသည့် နိုင်ငံဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုခဲ့ဖူးသည်။

Related

news 2072009350431903218

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item