အုပ်စုဖွဲမုဒိမ်းကျင့်ခံခဲ့ရသည့် အိန္ဒိယမိန်းကလေး ကွယ်လွန်သွားပြီဖြစ်

အမျိုးသား ၆ ဦး၏ အုပ်စုဖွဲ့ ရိုက်နှိက်ကာ မုဒိမ်းကျင့်ခံခဲ့ရပြီး စင်ကာပူနိုင်ငံ Mount Elizabeth တွင် ဆေးကုသမှုခံယူနေရသည့် အိန္ဒိယမိန်းကလေးမှာ ဒီဇင်ဘာ ၂၉ ရက် စင်ကာပူဒေသစံတော်ချိန် နံနက် ၄ နာရီ ၄၅ မိနစ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း အဆိုပါဆေးရုံက သတင်းထုတ်ပြန်သည်။ 

အစောပိုင်းက အသက် ၂၃ နှစ်အရွယ် အိန္ဒိယမိန်းကလေး၏ ကျန်းမာရေးအခြေအနေမှာ ပိုမိုဆိုးရွားလာပြီး သူမ၏ ကိုယ်တွင်းအင်္ဂါများ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ကြောင်း ဆရာဝန်များက ထုတ်ဖော်ပြောကြားခဲ့သည်။

 ထို့အပြင် သူမသည် နှလုံးဖောက်ပြန်မှု၊ ဦးနှောက်ထိခိုက်မှုအပြင် အဆုတ်နှင့် ဝမ်းဗိုက်ပိုင်းတွင်လည်း ရောဂါပိုးဝင်ရောက်မှုရှိကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။ 

အိန္ဒိယနိုင်ငံတွင် ဒီဇင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါမိန်းကလေး အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရမှု ဖြစ်ရပ်အပေါ် ပြည်သူများက ဒေါသတကြီး ဆန္ဒပြကြသည်။ အိန္ဒိယတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးလည်း ဗုဒ္ဓဟူးနေ့ 
(ဒီဇင်ဘာ ၂၆ ရက်) က မိမိကိုယ်ကိုယ် သေကြောင်းကြံသွားခဲ့သည်။

Related

news 4581100004414357621

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item