အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရသည့် အိန္ဒိယမိန်းကလေးငယ် ဆေးကုသရန် စင်ကာပူသို့ရောက်ရှိ

(အိန္ဒိယမိန်းကလေးငယ် ဆေးကုသမှုခံယူနေသည့် စင်ကာပူနိုင်ငံမှ ဆေးရုံ)
အိန္ဒိယတွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း ခံရသူ အမျိုးသမီးငယ်သည် ယခုအခါ ဆေးဝါးကုသမှု ခံယူရန် စင်္ကာပူ နိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သည်။ နယူးဒေလီတွင် မောင်းနှင်နေသော ဘတ်စ်ကား တစ်စင်းပေါ်၌ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း ခံရသော ဆေးကျောင်းသူမှာ စင်္ကာပူရှိ မောင့်အဲလိဇဘက် ဆေးရုံတွင် ကုသမှု ခံယူနေကြောင်း ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုခဲ့သည်။ 

"သူ့အခြေအနေက ပြင်းပြင်းထန်ထန် စိုးရိမ်စရာ ရှိနေသလို အလေးအနက် ကြပ်မတ်ကုသမှုမျိုး ခံယူရမှာပါ"ဟု ဆေးရုံ ပြောရေးဆိုခွင့်ရ အရာရှိက ဆိုသည်။ မိန်းကလေးသည် မုဒိမ်းကျင့်ခြင်း ခံရသည့်အပြင် ပြင်းပြင်းထန်ထန် ရိုက်နှက် ညှင်းပန်းမှုများကိုပါ ခံစားခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့သည်။
 အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အိန္ဒိယတွင် မုဒိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ရမ်းကားမှုများပါ ဆင့်ကဲ ပေါ်ပေါက်လာသည့်နောက် ရဲများနှင့် ဆန္ဒပြသူများ ပြဿနာ တက်ခဲ့ရသေးသည်။ ဆေးရုံ ပြောရေးဆိုခွင့်ရ အရာရှိက "အသေးစိတ် အခြေအနေတွေကိုတော့ မပြောနိုင်ပါဘူး။ ဒါက လူနာနဲ့ မိသားစုရဲ့ ပုဂ္ဂိုလ်ရေး အခြေအနေကို လေးစားမှု ထားတဲ့ အတွက်ကြောင့်ပါ"ဟုလည်း ဆိုသည်။ မိန်းကလေးသည် မိဘများ၊ အိန္ဒိယ ဆရာဝန် ဒေါက်တာ ယာတင်ဂက်ပ်တာ ဦးဆောင်သော ပညာရှင်အဖွဲ့နှင့်အတူ စင်္ကာပူသို့ ဆိုက်ရောက်လာခဲ့သည်။

အသက်(၂၃)နှစ်ရှိ မိန်းကလေးသည် တနင်္ဂနွေနေ့က ဒေလီမြို့ တောင်ပိုင်းတွင် မောင်းနှင်လာသော ဘတ်စ်ကား တစ်စင်းပေါ်၌ အရက်မူးနေသူ (၆)ဦး၏ ဝိုင်းဝန်းရိုက်နှက်ကာ မုဒိမ်းကျင့်မှုနှင့် ကြုံခဲ့ရသည်။ သူမသည် ဝမ်းဗိုက်နှင့် ကိုယ်တွင်းအင်္ဂါများထိ ဆိုးဆိုးရွားရွား ထိခိုက်မိခြင်းကြောင့် အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖြစ်ခဲ့ပြီး လက်ရှိ အနေအထားတွင်ပါ အခြေအနေ မတည်ငြိမ်သေးကြောင်း သိရှိရသည်။

Source: Xinhua/http://www.planet.com.mm

Related

news 8540445588416135038

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item