တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုအောင်ပွဲအခမ်းအနား မြောက်ကိုရီးယား ကျင်းပ
https://albanykarennews.blogspot.com/2012/12/blog-post_5141.html
မြောက်ကိုရီးယား နိုင်ငံ၊ ပြုံယမ်းမြို့တော်တွင် တာဝေးပစ်ဒုံးကျည် အောင်မြင်စွာ စမ်းသပ်နိုင်မှုအတွက် အခမ်းအနားတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယား ပြည်သူများသည် ဗုဒ္ဓဟူးနေ့က ပြုလုပ်သော ဒုံးပျံ ပစ်လွှတ်မှုအတွက် အောင်မြင်မှုကို ပေါင်းစု ဖော်ဆောင်ခဲ့ခြင်းဟု ပြည်တွင်း သတင်းဌာနများက ဆိုသည်။ ရုပ်မြင်သံကြား ဌာနများက ပမာဏများပြားစွာ စုရုံးနေသော လူအုပ်ကြီး၏ ပုံကို ဖော်ပြခဲ့သည်။
လက်ရှိတွင် မြောက်ကိုရီးယား၏ ဒုံးကျည်နည်းပညာ စမ်းသပ်ချက်အပေါ် ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း မြောက်မြားစွာက ကန့်ကွက်လျှက်ရှိသည်။ မြောက်ကိုရီးယားသည် အမေရိကန်နှင့် ကုလသမဂ္ဂက ဖိအားပေးနေသည့်တိုင် နိုင်ငံတောင်ပိုင်းသို့ ဦးတည်ကာ ဖိလစ်ပိုင်နိုင်ငံ ပြင်ပ ပင်လယ် သမုဒ္ဒရာထဲသို့ ဒုံးကျည်ကို စမ်းသပ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
လတ်တလောတွင် တောင်ကိုရီးယား နိုင်ငံက ကိုရီးယား ရေလက်ကြား အနီးတဝိုက်တွင် မြောက်ကိုရီးယား ဒုံးကျည်၏ အစိတ်အပိုင်းများကို လေ့လာရန် ရှာဖွေနေသည်။ အထူးသဖြင့် နိုင်ငံရေးပြိုင်ဘက်ဖြစ်သော မြောက်ပိုင်း ကွန်မြူနစ်တို့၏ ဒုံးကျည်နည်းပညာကို အသေးစိတ် သုတေသနပြုရန် တောင်ကိုရီးယားက စိုင်းပြင်းလျှက် ရှိသည်။ မြောက်ကိုရီးယား ပစ်လွှတ်လိုက်သော ဒုံးကျည်သည် ရေလက်ကြား အနောက်ဘက်တွင် ပထမအဆင့် ကွဲထွက်သွားသည်ဟု ယူဆရပြီး တောင်ကိုရီးယား ရေတပ်သည် မရှေးမနှောင်းမှာပင် ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။
ယခုဒုံးကျည် စမ်းသပ်ချက်သည် (၃)ဆင့်ကွဲထွက်သည့် တာဝေးပစ် ဒုံးကျည် နည်းပညာအတွက် မြောက်ကိုရီးယား၏ ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်နိုင်မှုလည်း ဖြစ်သည်။ မြောက်ကိုရီးယားသည် ယင်းဒုံးကျည်မျိုးကို ကမ္ဘာပတ်လမ်းထဲ ဂြိုဟ်တုများ လွှတ်တင်ရာတွင် အသုံးပြုဖွယ် ရှိနေသလို မကြာသေးမီကလည်း မိမိတို့သည် နောက်ထပ် အလားတူ စမ်းသပ်မှုမျိုး ပြုလုပ်မည်ဟု ကြေညာထားသေးသည်။
Source: BBC
လက်ရှိတွင် မြောက်ကိုရီးယား၏ ဒုံးကျည်နည်းပညာ စမ်းသပ်ချက်အပေါ် ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း မြောက်မြားစွာက ကန့်ကွက်လျှက်ရှိသည်။ မြောက်ကိုရီးယားသည် အမေရိကန်နှင့် ကုလသမဂ္ဂက ဖိအားပေးနေသည့်တိုင် နိုင်ငံတောင်ပိုင်းသို့ ဦးတည်ကာ ဖိလစ်ပိုင်နိုင်ငံ ပြင်ပ ပင်လယ် သမုဒ္ဒရာထဲသို့ ဒုံးကျည်ကို စမ်းသပ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
လတ်တလောတွင် တောင်ကိုရီးယား နိုင်ငံက ကိုရီးယား ရေလက်ကြား အနီးတဝိုက်တွင် မြောက်ကိုရီးယား ဒုံးကျည်၏ အစိတ်အပိုင်းများကို လေ့လာရန် ရှာဖွေနေသည်။ အထူးသဖြင့် နိုင်ငံရေးပြိုင်ဘက်ဖြစ်သော မြောက်ပိုင်း ကွန်မြူနစ်တို့၏ ဒုံးကျည်နည်းပညာကို အသေးစိတ် သုတေသနပြုရန် တောင်ကိုရီးယားက စိုင်းပြင်းလျှက် ရှိသည်။ မြောက်ကိုရီးယား ပစ်လွှတ်လိုက်သော ဒုံးကျည်သည် ရေလက်ကြား အနောက်ဘက်တွင် ပထမအဆင့် ကွဲထွက်သွားသည်ဟု ယူဆရပြီး တောင်ကိုရီးယား ရေတပ်သည် မရှေးမနှောင်းမှာပင် ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။
![]() |
| (မြောက်ကိုရီးယား၏ တာဝေးပစ်ဒုံးကျည်ပစ်လွှတ်မှု မြေပုံ) |
Source: BBC
Posted by
Unknown

Post a CommentDefault CommentsFacebook Comments