အိန္ဒိယတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် မိန်းကလေး သေကြောင်းကြံစည်သွား

အိန္ဒိယနိုင်ငံတွင် လူစုလူဝေးဖြင့် မုဒိမ်းပြုကျင့်မှု တစ်ခုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ပြင်းထန်နေချိန်တွင် အလားတူ ဖြစ်ရပ်ကြောင့် ကြေကွဲစရာ ကိစ္စတစ်ခု ထပ်မံ ပေါ်ပေါက်လာခဲ့သည်။ မောင်းနှင်နေသော ဘတ်စ်ကား တစ်စင်းပေါ်တွင် အရက်မူးနေသူ (၆)ဦးက ဝိုင်းဝန်း မုဒိမ်းကျင့်ပြီး ရိုက်နှက် နှိပ်စက်သည့်အတွက် အသက်(၂၃)နှစ်အရွယ် ဆေးကျောင်းသူ တစ်ဦး စင်္ကာပူထိ သွားရောက်၍ ဆေးဝါး ကုသမှု ခံယူခဲ့ရပြီး ယင်းအတွက် နယူးဒေလီ မြို့တော်တွင် ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။ မုဒိမ်းမှု တိုက်ဖျက်ရေး ဆန္ဒပြမှုများ ဖြစ်ပေါ်နေချိန်တွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး ဗုဒ္ဓဟူးနေ့က မိမိကိုယ်ကိုယ် သေကြောင်းကြံသွားခဲ့သည်။ အဆိပ်သောက်ကာ သတ်သေသွားသော မိန်းကလေးသည် ပန်ဂျပ်ရှိ ပါတီလာလာ ဒေသတွင် နိုဝင်ဘာ (၁၃)ရက်နေ့က ဒေပါဝလီ ပွဲတော်၌ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရကြောင်း သိရသည်။

သူမသည် ယင်းအမှုကို ရဲများထံ တိုင်ကြားခဲ့သော်လည်း မည်သည့် ဖမ်းဆီး စစ်ဆေးမှုမျှ မရှိခဲ့ချေ။ သူမကိုယ်ကိုယ် သေကြောင်းကြံစည်သွားပြီးမှ ရဲများက ကြာသပတေးနေ့တွင် လူ(၃)ဦးကို ဖမ်းဆီးခဲ့သည်။ ထိုကိစ္စသည် မုဒိမ်းမှု ဆန့်ကျင်ရေးကို အပြင်းအထန် တောင်းဆိုနေသည့် အိန္ဒိယ ပြည်သူများအတွက် ရဲတပ်ဖွဲ့အပေါ် ပိုမိုဒေါသအမျက် ထွက်လောက်စရာ ဖြစ်လာခဲ့သည်။ စုံထောက်အရာရှိ ပါရာမတ်ဂ်ျဆင်းဂီးက "တော်တော်ဆိုးတဲ့ ဖြစ်ရပ်ပဲ။ မိန်းကလေးက အမှုလာတိုင်တော့ ရဲတစ်ယောက်က အမှုမဖွင့်ဖို့တောင် ပြောခဲ့သေးတယ်တဲ့"ဟု သတင်းထောက်များအား ပြောဆိုသွားသည်။

သေကြောင်းကြံသွားသည့် မိန်းကလေး၏ အစ်မက ရဲများသည် မိမိ၏ ညီမကို ဖိအားပေးခဲ့ကြောင်းလည်း ဆိုသည်။ "ရဲတွေက အမှုမဖွင့်ဖို့ ပြောတယ်။ ပြီးတော့ ညီမလေးကို ပြုကျင့်တဲ့သူတွေ ပေးတဲ့ နစ်နာကြေးကို လက်ခံချင် လက်ခံ၊ ဒါမှမဟုတ် သူတို့ထဲက တစ်ယောက်ယောက်နဲ့ ယူလိုက်လို့ ပြောနေကြတာပါ"ဟု မိန်းကလေး၏ အစ်မက ဖွင့်ဟခဲ့သည်။ အိန္ဒိယ ရဲတပ်ဖွဲ့သည် ဒီဇင်ဘာ (၁၆)ရက်နေ့က ပေါ်ပေါက်ခဲ့သည့် ကမ္ဘာသိ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ဖြစ်စဉ်တွင်လည်း ကိုင်တွယ်ပုံ အားနည်းမှုများကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

Source: RT

Related

news 3400482214522804647

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item