စုံစမ်းရေး ကော်မရှင် က သတင်း ထုတ်ပြန် သလို ” မီးခိုးဗုံး” မဟုတ် “မီးလောင်ဗုံး” သာ ဖြစ် လို့  သပိတ် စခန်း ပြန်လည် ဖွင့်လှစ် ပွဲ တွင် ပြော



( ဒေါ်အောင်ဆန်းစုကြည်ကလည်း မီးလောင်ဗုံးကို မီးခိုးဗုံးဆိုပြီး အစိုးရနည်းတူ လူထုကို လိမ်လည်
သတင်းထုတ်ပြန်နေပါပြီ။ ဒီပုတ်ထဲက ဒီပဲတွေပဲမို့ ဒါဟာ တိုင်းရင်းသားတွေအဖို့ နိုင်ငံရေးနဲ့ပတ်သက်လာရင် ရေရှည်မှာ သတိထားစရာတွေ အများကြီးရှိတယ်ဆိုတာ မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။)

မုံရွာ ခရိုင် ဆားလင်းကြီး မြို့ နယ် လက်ပံတောင်း တောင် တစ်ဝိုက် က ဒေသခံ
တွေ က စုံစမ်း စစ်ဆေးရေး ကော်မရှင် က သတင်း ထုတ် ပြန် ခဲ့ တဲ့ မီးခိုးဗုံး နဲ့ 
အသုံး ပြု ပြီး သပိတ် စခန်း ကို ဖြို ခွဲ ခဲ့ တယ် ဆို တာ လုံးဝ ကို မဟုတ် မှန် တဲ့
အကြောင်း မီး ခိုး ဗုံး ဆို ရင် မီးခိုး ပဲ ထွက် ပြီး ဓာတ်ပုံ တွေ ၊ ဗီဒီယို တွေ မှာ တွေ
ရတဲ့ အတိုင်း အသား အရေ စုတ်ပြတ် သွား တာ မျိုး မဖြစ် နိုင် ကြောင်း FNG ကို
ပြောပါတယ်။

ကျွန်မတို့  အရှေ့  မှာ တင် ပစ်လိုက် တဲ့ ဗုံး  က မီးတန်း ကြီး ထွက် လာ ပြီး မီးထ
လောင် တာ ဘယ် နှယ့် မီး ခိုး ဗုံး ဖြစ်မလဲ ဟု မအေးနက် က ပြောသည်။
ဒီဇင်ဘာ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ် 
ဥက္ကဌ  ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် ဆောင်ရွက် သည့် ကော်မရှင် က 
သတင်း ထုတ် ပြန်မှု ဉ် ” ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ
မီးခိုးဗုံးများ အသုံးပြုပြီး လူစုခွဲဆောင်ရွက်ခဲ့ရာ မှ ” ဟု ဖော်ပြထား သည်။ 

အခင်း ဖြစ် ပွား သည့် နေ့  နံနက် အရုဏ် တက် တွင် သတင်းဌာန များ က ကနဦး
သတင်း မှာ ပင် မီးလောင်ဗုံး ကဲ့ သို့  ဓာတု လက်နက် များ သုံး ပြီး တိုက်ခိုက် သွား
ခြင်း ဖြစ် နိုင် ကြောင်း ရဟန်း သံဃာတော် များ ရရှိ ခဲ့ သည့် ဒဏ်ရာ များ ကို ထောက်
ချင့် ၍ သုံး သပ် ဖော်ပြ ခဲ့ကြသည်။ 

လက်ပံတောင်း တောင် ဒေသ ရှိ ၀က်မှေး နဲ့  ဆည်တဲ ရွာ တို့  တွင် သပိတ် စခန်းများ
ပြန်လည် ဖွင့် လှစ် လိုက် သည် ဟု FNG မှ သတင်း ရရှိသည်။ 

Related

news 3265233362369981671

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item