နောက်ဆုံးရ ကချင်ပြည်နယ်တိုက်ပွဲသတင်း



ယနေ့ နံနက် 8 နာ 10 မိနစ် နှင့် 9 နာရီ 10 မိနစ် အတွင်းဝယ် တိုက်လေယာဉ်နှစ်စီး 2 နှစ်ကြီမ် လာရောက်ပြီး တကြိမ်လျင် ရုရှား လုပ် ရော့ကက် ဆပ်ဗင်ဆန် အား ၄ လုံး အသုံးပြုပြီ ပစ်ခတ်သည့်အပြင် 120 ပေါင် ရှိသော မြေပြင် ခွဲဗုံး အလုံး20 ခန့်ပစ်ချကြောင်း စစ်ပြေးဒုက္ခသယ်များနှင် အလွန်နီးစပ်သော နေရာများ တွင် ကျရောက်ပေါက်ကွဲပြီး အထိခိုက်မရှိကြောင်း သိရသည်။


မြေပြင် စစ်ကြောင်း 3 ကြောင်း လိုင်ဇာတ၀ိုက်ဖြစ်သော လက်ဂျာ၇န်တွင် ချီတက် တပ်စွဲပြီး အချိန်မရွေး မြေပြင်မှ ၀င်ရောက်တိုက်ခိုက်လာနိုင်ကြောင်း ၄င်းတို့ ဖြန့်ကျက်ချထားသော စစ်အင်းအား 800 ၀န်းကျင်ခန့်ရှိကြောင်း တပ်မ 101 လက်အောက်ခံ တပ်ရင်း ခမရ ၃၁၇၊ ၄၁၇၊ ၄၁၆ မှ အင်အား ဖြည့်စွက်ပြီး လက်ဂျားယန် ပင်မလမ်းကြောင်းတွင် စစ်ကြောင်း ၂ကြောင်း ခွဲပြီး စစ်ပြင်နေကြကြောင်း၊ အခြား စစ်ကြောင်းတခုဖြစ်သော တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း ၃ရင်းမှ အင်း ၄၀၀ ကျော်ဖြင့် လက်ဂျာယန် တောင် ဘက်မှ ထိုးစစ်ဆင်ဖို့ ချီတက်လာကြောင်း သိရသည်။
 

ရှေ့တန်း စစ်မြေပြင်၏ ရှေ့ဆုံး စစ်ဆင်ရေး စစ်တား စစ်နှောက်ရန် အချို့ တောင်ကုန်းများတွင် နေရာယူထားကြသော ABSDFရှေ့ ကင်း စခန်း အချို့ ဆုတ်ခွာပေးထားပြီး ထိုးစစ်အဖြစ်ပြောင်းလဲရန် ပြန်လည်စီမံထားကြောင်းသိရသည်။ 

လက်ဂျာယန်တွင် ကျောင်းသား တပ်မတော်၏ တာဝန်ရှိသူ ကိုလှဆိုင်းမှ "ဦးသိန်းစိန်အစိုးရမှ ယခုကဲ့သို့ တ၇ားမမျှတသော စစ်ဆင်ရေးကြီးတခု ဆင်နွဲပြီး လူမျိုးတုန်း ရှင်းလင်းရန် စီစဉ်ပြီး ယခု ကဲ့သို့ စစ်ဆင်ခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ယုံကြည်မှုများ အကြီးကျယ်ထိခိုက်ပျက်စီးပြီး ယခုကဲ့သို့ စစ်ပွဲများ တပြည်လုံး အတိုင်းတာဖြင့် ပြန့်နှံ့လာနိုင်ကြောင်းရှိပါတယ်။

  ဒေါ်အောင်ဆန်စုကြည်အနေဖြင့် ယခုစစ်ပွဲအား တရား ဥပဒေ စိုးမိုးရေး ကော်မတီ၏၊
  ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းအား လက်တွေ့ အကောင်ထည်ဖေါ် ဆောင်ရွက် စေလိုပြီး၊ 
ယနေ့ ကချင် ပြည်သူများကလဲ ဒေါ်အောင်ဆန်းစုကြည်အား လူထုခေါင်းဆောင်တယောက်အဖြစ် အသိမှတ်ပြုထားဆဲဖြစ်ပြီးအားကိုးလောက်ယုံကြည်လောက်သော ငြိမ်းချမ်းရေး နှင့် ပြည်သူပြည်သား
များကို လုံခြုံရေးနှင့် တရားဥပဒေ အမှန်တကယ်စိုးမိုးမှုကို ဖေါ်ဆောင်ပေးရန်လိုပါတယ်" 
ဟုပြောဆိုကာ တိုက်ပွဲအတွင်းသို့ ပြေးဝင် ပြီး တာဝန်ထမ်းဆောင်ရန်အတွက် ဆက်သွယ်မှု ယာယီဖြတ်တောက်ထားခဲ့ပါသည်။

Related

news 5698538309907965282

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item