ကလေး အယောက် ၂၀ သေဆုံးတဲ့ မူလတန်းကျောင်း ပစ်ခတ်မှု
https://albanykarennews.blogspot.com/2012/12/blog-post_232.html
၂၀၁၂၊ ဒီဇင်ဘာ ၁၄ ရက်နေ့တနေ့လုံး အမေရိကန်မီဒီယာတွေကို လွှမ်းမိုးသွားတဲ့သတင်းကတော့ ကွန်နက်တစ်ကက် (Connecticut) ပြည်နယ် နယူးတောင်း (Newtown) မြို့၊ စဲန်ဒီဟုခ် (Sandy Hook) မူလတန်းကျောင်း သေနတ်ပစ်ခတ်မှု ဖြစ်ပါတယ်။
ထို ပစ်ခတ်မှုကြောင့် အသက် ၅ နှစ်မှ ၁၀ နှစ်အတွင်း ကလေးငယ် အယောက် ၂၀၊ လူကြီး ၆ ဦး သေဆုံးခဲ့ပြီး သေနတ်သမားလည်း သေဆုံးနေတယ်လို့ သတင်းများတွင် ဖော်ပြကြပါတယ်။ သေနတ်သမားဟာ သူ့ကိုယ်သူ သတ်သေခဲ့တာလား၊ ဒါမှမဟုတ် ရဲတွေ ရောက်မလာခင် အခြား အကြောင်းတခုခုကြောင့် သေဆုံးတာလားဆိုတာကတော့ (အာဏာပိုင်တွေက သတင်း မထုတ်ပြန်သေးတဲ့အတွက်) တိတိကျကျ ပြောဖို့ ခက်နေပါတယ်။
သတင်းအများစုမှာတော့ သေနတ်သမားဟာ ကိုယ့်ကိုယ်ကိုယ် ပစ်သတ်ခဲ့တယ်လို့တော့ ဖော်ပြထားပါတယ်။ မူလတန်းကျောင်းတွင်းကို ၀င်ရောက်ပြီး အပြစ်မဲ့ကလေးငယ် အယောက် ၂၀၊ လူကြီး ၆ ဦးကို ပစ်သတ်သူကတော့ အသက် ၂၀ အရွယ်ရှိ အဒမ်မ် လဲန်ဇာ (Adam Lanza) ဖြစ်ပါတယ်။ အဒမ်မ်ဟာ သူ့မိခင် နန်စီ လဲန်ဇာ (Nancy Lanza) ကို အိမ်မှာ ပစ်သတ်ခဲ့ပါတယ်။ ထို့နောက် မိခင်ရဲ့ သေနတ် သုံးလက်ကို ယူကာ စဲန်ဒီဟုခ် (Sandy Hook) မူလတန်းကျောင်းကို သွားပြီး အမေရိကန်ပြည်ထောင်စုရဲ့ အဆိုးရွားဆုံး မူလတန်းကျောင်း ပစ်ခတ်မှုနဲ့ ဒုတိယ အဆိုးရွားဆုံး သေနတ် ပစ်ခတ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အဆိုးရွားဆုံး သေနတ်ပစ်ခတ်မှုကတော့ ၂၀၀၇ ဧပြီ ၁၆ ရက်နေ့က ဖြစ်ပွားတဲ့ ဗာဂျီးနီးယား တက်ခ် (Virginia Tech) ပစ်ခတ်မှု ဖြစ်ပါတယ်။ ဗာဂျီးနီးယားပြည်နယ် ဘလက်ခ်ဘာ့ဂ် (Blacksburg) မြို့ရှိ ဗာဂျီးနီးယား ပိုလီတက္ကနစ် နဲ့ ပြည်နယ် တက္ကသိုလ် (Virginia Polytechnic Institute and State University) တွင် ဖြစ်ပွားခဲ့တဲ့ ဗာဂျီးနီးယား တက်ခ် ပစ်ခတ်မှုတွင် ၃၂ ဦး သေဆုံးခဲ့ပြီး အသက် ၂၃ နှစ် အရွယ်ရှိ သေနတ်သမား Seung-Hui Cho က ကိုယ့်ကိုယ်ကိုယ် ပစ်သတ်ခဲ့ပါတယ်။
အခင်းဖြစ်ပွားတဲ့ နယူးတောင်းမြို့ဟာ နယူးယောက်ရဲ့ အရှေ့မြောက် မိုင် ၆၀ အကွာတွင် တည်ရှိပြီး လူဦးရေ နှစ်သောင်း ခုနှစ်ထောင် (၂၇,၀၀၀) နေထိုင်တဲ့ မြို့ ဖြစ်ပါတယ်။
ပစ်ခတ်မှုဟာ မနက် ၉ နာရီ မိနစ် ၄၀ ခန့်တွင် ဖြစ်ပွားပုံရပါတယ်။ ကျောင်းတွင် တပ်ဆင်ထားတဲ့ လုံခြုံရေးစနစ်အရ မနက် ၉ နာရီခွဲတွင် ကျောင်းတံခါး ပိတ်ပြီး ထိုအချိန်နောက်ပိုင်း ကျောင်းတွင်း ၀င်ရောက်သူတိုင်း အသိပေးခေါင်းလောင်းနှိပ်ပြီး ရုံးခန်းတွင် လက်မှတ်ထိုးပြီးမှ ကျောင်းထဲကို ၀င်ရတဲ့အတွက် ကျောင်းတွင်းကို သေနတ်သမား ဘယ်အချိန်မှာ၊ ဘယ်လို ရောက်လာသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။
အချို့သတင်းများတွင်အဒမ်မ် လဲန်ဇာ (Adam Lanza) ရဲ့ မိခင် နန်စီ လဲန်ဇာ (Nancy Lanza) ဟာ စဲန်ဒီဟုခ် (Sandy Hook) မူလတန်းကျောင်းတွင် လုပ်အားပေး ဆရာမအဖြစ် လုပ်ကိုင်ခဲ့ဟန်ရှိကြောင်း ဖော်ပြထားပြီး အချို့သတင်းများတွင် နန်စီကို ကျောင်းဆရာမတဦးအဖြစ် ဖော်ပြထားပါတယ်။
အဒမ်မ် လဲန်ဇာ (Adam Lanza) အနေနဲ့ အခင်းဖြစ်ပွားရာဆီ အသက် ၂၄ နှစ်အရွယ်ရှိ သူ့အစ်ကို ရိုင်ယဲန် လဲန်ဇာ (Ryan Lanza) ရဲ့ မှတ်ပုံတင်ကို ယူဆောင်သွားခဲ့တဲ့အတွက် ရဲများက ကနဦးတွင် ရိုင်ယဲန်ကို သေနတ်သမားအဖြစ် ယူဆခဲ့ပါတယ်။ အဒမ်မ် လဲန်ဇာ (Adam Lanza) ရဲ့ ဖခင် ပီတာ လဲန်ဇာ (Peter Lanza) နဲ့ မိခင် နန်စီတို့ဟာ ၂၀၀၈ ခုနှစ်က တရားရုံးတွင် ကွာရှင်း ပြတ်စဲခွင့် တောင်းခံခဲ့ကြပြီး ၂၀၀၉ ခုနှစ်တွင် ကွာရှင်း ပြတ်စဲခဲ့ကြပါတယ်။
ပီတာဟာ ဂျီအီး ကက်ပတဲယ် (GE Capital) ကုမ္ပဏီရဲ့ ဒု သမ္မတ ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း စာရင်းကိုင်ကုမ္ပဏီတခုဖြစ်တဲ့ အဲန်စ်တ် အဲန် ရဲန်း (Ernst & Young) တွင် ရင်းနှီးမြှုပ်နှံထားသူတဦးလည်း ဖြစ်ပါတယ်။ ရိုင်ယဲန် လဲန်ဇာ (Ryan Lanza) ဟာ အဲန်စ်တ် အဲန် ရဲန်း (Ernst & Young) တွင် လေးနှစ်ကြာ အလုပ်လုပ်ကိုင်နေသူဖြစ်ကာ နယူးယောက်မြို့တဖက်ကမ်း နယူးဂျာစီပြည်နယ် ဟိုဘိုကဲန် (Hoboken) တွင် နေထိုင်နေသူ ဖြစ်ပါတယ်။
ရဲက ပီတာနဲ့ ရိုင်ယဲန် နှစ်ဦးစလုံးကို တရားခံအဖြစ် သတ်မှတ်မထားသော်လည်း နှစ်ဦးစလုံး အာဏာပိုင်များရဲ့ စစ်ဆေးမှုကို ခံနေရပါတယ်။ ထို ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ အိုဘားမားက မျက်ရည်ဝဲနေတဲ့ မျက်လုံးများနဲ့ နှလုံးသားများ ကြေကွဲ ၀မ်းနည်းရကြောင်း ပြောသွားသလို ဒီလို အဖြစ်ဆိုးတွေ ထပ်မဖြစ်အောင် နိုင်ငံရေးတွေကို ဘေးဖယ်ပြီး အဓိပ္ပါယ်ရှိတဲ့ လုပ်ဆောင်မှုတွေ အတူတကွ လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
ဒီဇင်ဘာ ၁၄ ရက်နေ့ညပိုင်းက အခင်းဖြစ်ပွားရာဒေသနဲ့ အနီးတ၀ိုက်တွင် ကွယ်လွန်သူများအတွက် ရည်စူးတဲ့ ဆုတောင်းပွဲများ ကျင်းပခဲ့ကြပါတယ်။ သေနတ်သမား အဒမ်မ် လဲန်ဇာ (Adam Lanza) ကို အေးအေးဆေးဆေး နေတတ်သူအဖြစ် သိကြကြောင်း၊ ယခင် ပြစ်မှုများလည်း မရှိကြောင်း၊ အများသူငါလို နေထိုင်တတ်သူ မဟုတ်ကြောင်း သတင်းများတွင် ဖော်ပြကြပါတယ်။ ဘာ့ကြောင့် အဒမ်မ်အနေနဲ့ အခုလို ဆိုးဆိုးရွားရွား ပစ်ခတ်မှု ကျူးလွန်သလဲဆိုတဲ့ မေးခွန်းကိုတော့ အဖြေရှာနေကြဆဲ ဖြစ်ပါတယ်။
ကိုးကား
whitehouse.gov
nbcnews.com
cnn.com
nbcnewyork.com
burmatoday.net
နောက်ဆက်တွဲသတင်း
အမေရိကန် Newyork city, New Town ရှိ Connecticut High School တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး ကလေး ၂၀ဦး သေဆုံးခဲ့
ဒီဇင်ဘာလ ၁၅
Connecticut ကျောင်းထဲက ကလေးငယ်တွေကို ၀င်ရောက်ပစ်ခတ်သူဟာ အသက် (၂၀)ပဲ ရှိသေးတဲ့ Adam Lanza ဆိုသူဖြစ်ပြီး အဲဒီကျောင်းက ဆရာမ Nancy Lanza ရဲ့ သားဖြစ်ပါတယ်၊
ကလေးငယ်များအား အော်တိုပစ်စတို၊ ရိုင်ဖယ်များဖြင့် ပစ်သတ်ပြီး ၄င်းကျောင်းထဲ မှာပင် မိမိကိုယ် ပစ်ခတ်အဆုံးစီရင်ခဲ့ပါတယ်။
ပစ်ခတ်မှုကြောင့် ၇နှစ်အောက်ကလေးငယ် ၁၈ ဦးမှာ အဆိုပါနေရာတွင် သေဆုံးခဲ့ပြီး၊ ကလေး ၂ဦးမှာ ဆေးရုံသို့ ရောက်ပြီး မကြာခင် သေဆုံးသွားခဲ့ပါသည်။
သေဆုံးသူ ကလေး ၂၀ ဦးနှင့် အခြား ၈ ဦး ဖြစ်ပြီး အားလုံးမှာ ၂၈ ဦးဖြစ်ကြောင်းသိရှိရပါသည်။
သမ္မတအိုဘားမားက ဒီနေ့ဟာ "Our hearts are broken today" လို့ ၀မ်းနည်းစကား ပြောကြားခဲ့ပါသည်။
ဒီဇင်ဘာလ ၁၅
Connecticut ကျောင်းထဲက ကလေးငယ်တွေကို ၀င်ရောက်ပစ်ခတ်သူဟာ အသက် (၂၀)ပဲ ရှိသေးတဲ့ Adam Lanza ဆိုသူဖြစ်ပြီး အဲဒီကျောင်းက ဆရာမ Nancy Lanza ရဲ့ သားဖြစ်ပါတယ်၊
ကလေးငယ်များအား အော်တိုပစ်စတို၊ ရိုင်ဖယ်များဖြင့် ပစ်သတ်ပြီး ၄င်းကျောင်းထဲ မှာပင် မိမိကိုယ် ပစ်ခတ်အဆုံးစီရင်ခဲ့ပါတယ်။
ပစ်ခတ်မှုကြောင့် ၇နှစ်အောက်ကလေးငယ် ၁၈ ဦးမှာ အဆိုပါနေရာတွင် သေဆုံးခဲ့ပြီး၊ ကလေး ၂ဦးမှာ ဆေးရုံသို့ ရောက်ပြီး မကြာခင် သေဆုံးသွားခဲ့ပါသည်။
သေဆုံးသူ ကလေး ၂၀ ဦးနှင့် အခြား ၈ ဦး ဖြစ်ပြီး အားလုံးမှာ ၂၈ ဦးဖြစ်ကြောင်းသိရှိရပါသည်။
သမ္မတအိုဘားမားက ဒီနေ့ဟာ "Our hearts are broken today" လို့ ၀မ်းနည်းစကား ပြောကြားခဲ့ပါသည်။

Post a CommentDefault CommentsFacebook Comments