အပျိုကြီးသမ္မတ တကယ်ဖြစ်သွားပြီ
၂၀၁၂ခုနှစ်ဒီဇင်ဘာလ(၁၉)ရက်နေ့ ကတော့ တောင်ကိုးရီးယားနိုင်ငံရဲ့ သမိုင်းစာမျက်နာသစ်ပါ။အမျိုးသားတွေကြီးသာစိုးမိုးလာတဲ့  တောင်ကိုရီးယားနိုင်ငံရဲ့ အုပ်ချူပ်ရေးလောကမှာ အမျိုးသမီးသမ္မတတဦး ပထမဆုံး ပေါ်ထွက်လာခဲ့ပါပြီ။ သူကတော့ အာဏာရှင်ဟောင်း Park Chung-hee,ရဲ့ သမီးဖြစ်သူ ပက်ဂျွန်ဟေး Park Geun Hye ပါ။
 တောင်ကိုရီးယားအမျိုးသမီးထုရဲ့ ထောက်ခံမှုတခဲနက်ရခဲ့ တဲ့  Ms Park ဟာ မဲအရေအတွက် ၅၁.၆၄ ရာခိုင်နှုန်းရရှိခဲ့ ပြီး ပြိုင်ဘက် သမ္မတလောင်း Moon Jae-in ကတော့ ၄၇.၉၃ ရာခိုင်နှုန်းရရှိခဲ့ တာမို့ အတော်လေး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ ရတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။
 ပြိုင်ဘက် Moon Jae-in ဟာ လူ့ အခွင့်အရေးကို အစဉ်အမြဲထောက်ခံအားပေးတဲ့ေ၇ှ့ နေတဦးမို့  သူလိုလူကိုအနိုင်ရဖို့ ဆိုတာ တော်ရုံတန်ရုံအရည်အချင်းနဲ့ မဖြစ်နိုင်ပါဘူး။
အခုလို သူအနိုင်ရလိုက်တာဟာ တောင်ကိုရီးယားနိုင်ငံကို အခက်အခဲအတားအဆီးတွေကြားထဲက ကျော်လွှားနိုင်ဖို့  ဆန္ဓရှိတဲ့ ပြည်သူတွေရဲ့ အောင်ပွဲပါလို
သူရဲ့ အဖေဟာ တောင်ကိုရီးယားကိုဆယ်ရှစ်နှစ်ကြာအုပ်စိုးခဲ့ တဲ့  အာဏာရှင်လည်းဖြစ်တဲ့ အပြင် သမ္မတလုပ်စဥိကလည်းအတိုက်အခံတွေကို အတော်လေးနှိပ်ကွပ်ခဲ့ သူမို့ Ms Parkေ၇ွးကောက်ပွဲဝင်တဲ့ အခါမှာ လူတွေက အာဏာရှင်ရဲ့ သမီးအဖြစ်ထောက်ပြကြပါတယ်။
 ဒါတင်မက အိမ်ထောင်မရှိသားသမီးမရှိတဲ့  အပျိုကြီးတယောက်ဖြစ်တာကိုလည်း အားနည်းချက်အဖြစ် အတိုက်အခံတွေက ထောက်ပြဝေဖန်ခဲ့ပါသေးတယ်။
အဲလိုဝေဖန်တာတွေကို Park Geun hye က " ကျမ မှာ ပြန်လည်ထောက်ထားကြည့် စရာ မိသားစုလည်းမရှိဘူး. အမွေပေးရမယ့် သားသမီးလည်းမရှိဘူး. ရှင်တို့ တိုင်းသူပြည်သားတွေသာ ကျမမိသားစုဖြစ်ပြီး ရှင်တို့ တွေပျော်ပျော်ရွှင်ရွှင်နေရအောင်လို့ သာ ကျမ နိုင်ငံရေးလုပ်ခဲ့ရတာပါ"လို့ ဘဲ Park Geun Hye က ပြန်လည် တုံပြန်ခဲ့ပါတယ်" ။
ဒီစကားတခွန်းက တောင်ကိုရီးယားပြည်သူတွေရဲ့ ရင်ထဲကို ထိုးဖောက်ရောက်ရှိခဲ့ တယ် လို့ လေ့ လာသူတွေက ခန့် မှန်းကြပါတယ်။ ဘာလို့ လဲဆိုတော့ အခုတော့ အပျိုကြီးတယောက် တောင်ကိုရီးယားသမ္မတနေရာကို အရယူသွားနိုင်တယ်မဟုတ်ပါလား။
http://www.facebook.com/photo.php?fbid=297274040394165&set=a.268275419960694.63683.268229929965243&type=1&theater
Related
news 2166808999191120230
Post a CommentDefault Comments
emo-but-icon
သတင်းနှင့်ဘလော့ဆိုက်များ
ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ
အများဆုံးဖတ်သောသတင်းများ
ဆက်သွယ်ရန်
Name
Email *
Message *
နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။
လွတ်လတ်စွာဆွေးနွေးရန်
မှတ်ချက်ပေးထားသောသူများ
Recent Comments Widget
item