ဗိုလ်မူတူးစေးဖိုး၏ ရှေ့လုပ်ငန်းစဉ်များ (တင်မောင်သန်း)



2012 Dec 12 ရက်ဟာ ကမ္ဘာကြီး ပျက်တော့မလိုလို မာယာပြက္ခဒိန်အရ သိရတယ်။ 
ဒါပေမဲ့ အဲသည်နေ့က ကမ္ဘာမပျက်ခဲ့ဘဲ ကေအဲန်ယူ ကတော့ ပျက်ကိန်းကို ဆိုက်ခဲ့တယ်။

ဗိုလ်မူတူးစေးဖိုးတို့လို စစ်အုပ်စု အလိုကျ အဖွဲ့က ရာစုနှစ်ဝက်ကျော် အမျိုးသားအကျိုးစီးပွားအတွက် တိုင်းရင်းသား တွေထဲမှာ ရှေ့ဆုံးက တိုက်ပွဲဝင်ခဲ့တဲ့ အဖွဲ့ကြီး အဖြစ်ကနေ ရန်သူ့အလိုကျ ဘာမဆို လုပ်တော့မဲ့ အဖွဲ့အဖြစ်သို့ ပြောင်းလဲတော့မဲ့ အဖွဲ့အဖြစ်ကို မကြာခင် စတင် ပြောင်းလဲ တော့မှာဖြစ်ပါတယ်။


စီးပွားရေး (ငွေ)မျက်နှာကိုသာ တချက်လုံးကြည့်ခဲ့တဲ့ ဗိုလ်မူတူး၊ ပဒို ကွယ်ထူးဝင်းတို့လို 

လူမျိုးတွေ လက်ထဲမှာ ကေအဲန်ယူကတော့ ရရှိထားတဲ့ ဂုဏ်သိက္ခာတွေ ရေစုန်မျောရတော့မယ်၊ အဲသည်အပြင်..........
ကရင်တမျိုးသားလုံးအပေါ်မှာသာမက ဗမာပြည် တော်လှန်ရေးအပေါ် သစ္စာဖောက်တဲ့ အဖွဲ့အဖြစ်ကို ပြောင်းလဲတော့မှာလည်း ဖြစ်ပါတယ်။

ကြိုတင်ဟောကိန်းထုတ်လိုက်လို့ အမှန်လို့တော့ မထင်ပါနဲ့၊
ခနလေး စောင့်ကြည့်လိုက်ပါ။ မကြာခင်မှာဘဲ ဗိုလ်မူတူးနဲ့ အပေါင်းပါတွေ ဘာလုပ်ကြမလဲဆိုတာကို သိရမယ်။

၁၅ ကြိမ်မြောက်ညီလာခံအပြီး ကေအဲန်ယူ ဥက္ကဌ မူတူးစေးဖိုး၏ ရှေ့လုပ်ငန်းစဉ်များမှာ၊
 

ပထမ ဦးစားပေး သည် စီးပွားရေး၊
 

ဒုတိယသည်လည်း စီးပွားရေး၊
 

တတိယသည်လည်း စီးပွားရေး သာဖြစ်ပြီး ထိုစီးပွားရေး အားလုံးသည်
ဗိုလ်မူတူးစေးဖိုး၏ မိသားစု စီးပွားရေးနှင့် သူ၏ လက်ဝေခံ အပေါင်းပါများ၏ စီးပွားရေးလုပ်ငန်းများသာ ဖြစ်ချေတော့မည်။


တင်မောင်သန်း

Related

article 410127349981670973

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item