ကေအဲန်ယူ ရွေးကောက်ပွဲ ပြီးစီး
https://albanykarennews.blogspot.com/2012/12/blog-post_1267.html
အဲခေါင်သောင့်၊ ဒီဇင်ဘာလ ၂၁ရက်။
၁၅ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်အပြီး ဗဟိုကော်မတီဝင် အသစ် ၄၅ဦးကို ယမန်နေ့က ရွေးချယ်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
အဆိုပါ ဗဟိုကော်မတီဝင်တွင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူး ၃ဦး စသည်တို့ကို ယနေ့တွင် ရွေးချယ်သွားရန် ရှိသည်ဟုလည်း သိရှိရသည်။
အဆိုပါ ကော်မတီဝင် အသစ်ထဲတွင် ယခင် ဒုဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သူ ပဒိုစောဒေးဗစ်သာကပေါ်၊ အတွင်းရေးမှူး ၁ ပဒိုစောလှငွေ၊ စစ်ဘက်ဆိုင်ရာမှ ဗိုလ်မှူးချုပ် မန်းအေစိန်နှင့် ဗိုလ်မှူးချုပ် စောပိလှတို့ ရွေးချယ်ခံရခြင်း မရှိကြောင်းလည်း သိရှိရသည်။
ယခင် ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောတာမလာ ဘောမှာမူ ယခုတကြိမ် ကွန်ဂရက်တွင် ရွေးချယ် ခံသွားမည် မဟုတ်ကြောင်း ကွန်ဂရက် စတင်ကတည်းက ထုတ်ဖော်ပြောကြားခဲ့သည်။

Post a CommentDefault CommentsFacebook Comments