ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များ အီရန်စမ်းသပ်


အီရန်ရေတပ်သည် (၆)ရက်ကြာ ပြုလုပ်နေသည့် စစ်ရေးလေ့ကျင့်မှု အခမ်းအနားတွင် တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များကို အောင်မြင်စွာ စမ်းသပ် ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။

တနင်္လာနေ့က (၄)ရက်မြောက် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေစဉ် ဒုံးကျည် စမ်းသပ်မှုများအပြင် ရေအောက် တော်ပီဒို ပစ်လွှတ်မှုများကိုပါ လုပ်ဆောင်ခဲ့သည်။ နိုင်ငံတောင်ပိုင်းရှိ ပင်လယ်ရေပြင်တွင် ပြုလုပ်သော Velayat 91 စစ်ရေး လေ့ကျင့်မှုသည် အပြည့်အဝ အောင်မြင်နေကြောင်း အီရန်စစ်ဘက်က ဆိုသည်။ ထိုစစ်ရေး လေ့ကျင့်မှုတွင် ရေပြင်မှ ဝေဟင်သို့ ပစ်ခတ်နိုင်သည့် Ra'd ဒုံးကျည်များကိုလည်း စမ်းသပ်သွားခဲ့သည်။ Ra'dများကို အီရန် ဒုံးကျည် သုတေသီများက စမ်းသပ်တီထွင်ပြီး အီရန်စစ်သင်္ဘောများတွင် တပ်ဆင်ခဲ့သည်။

မိုးကြိုးဟု အဓိပ္ပါယ်ရသည့် အမည်သတ်မှတ်ထားသော ယင်းဒုံးကျည်များသည် တာလတ် အကွာအဝေးရှိ ဝေဟင်ပစ်မှတ်များကို ဖျက်ဆီးပစ်နိုင်သည်။ ထို့အပြင် တာတိုပစ် Nasrဒုံးကျည်များကိုလည်း အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ကြောင်း ယင်းစစ်ရေးလေ့ကျင့်မှု အစီအစဉ်၏ ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်း စစ်သေနာပတိ အေမာ ရာစတီဂါရီက ပြောကြားခဲ့သည်။ အောင်ပွဲဟု အဓိပ္ပါယ်ရသည့် အဆိုပါ ဒုံးကျည်များသည် တန်ချိန် (၃၀၀၀)ရှိ ရေယာဉ်များကိုပင် ဖျက်ဆီးနိုင်သလို ကုန်းတွင်း ပစ်မှတ်များကိုလည်း ချေမှုန်းနိုင်ကြောင်း ရာစတီဂါရီက ပြောဆိုသွားသည်။
(Ref: Xinhua)

Related

news 5467579563353247898

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item