ချစ်သူများနေ့ နဲ့ ကျမရဲ့ အတွေးစများ ( နန့်အိုင်ဆန်းခလိန် )

ချစ်သူများနေ့ နဲ့ ကျမရဲ့ အတွေးစများ



အချစ်ဆိုတာကိုလူတိုင်းခံစားဖူးကြလိမ့်‌မယ်။
အချစ်ကိုလဲအမျိုးမျိုးလည်းအဓိပ္ပါယ်ဖွင့်‌ဆိုကြတယ်..အချစ်ဆိုတာအဆင်‌‌ပြေ‌နေတဲ့အချိန်မှာ
ခပ်သိမ်း‌သောအရာ‌တွေကိုလှပ‌စေ‌ပေမယ့်‌ အဆင်မ‌ပြေ‌တော့တဲ့အချိန်ကျ‌တော့ အရာအားလုံးကို အကျည်းတန်‌‌စေပြန်ပါတယ်။

ဘယ်လိုဘဲဖြစ်‌ဖြစ် အချစ်ဆိုတာ အတ္တမြူမှုံ‌တွေကင်းစင်‌‌နေရင်အ‌ကောင်းဆုံးပါ..အချစ်တစ်ခုမှာ အတ္တတရားကို‌ရှေ့တန်းတင်ထားမယ်ဆိုရင်‌‌တော့ ပူလောင်မှု‌ သောက‌တွေကိုဘဲ သင်ခံစားရလိမ့်‌မယ်။..
ကျမတို့ လူမှုအသိုင်းအ၀ိုင်းတိုင်းမှာလည်း ပြသနာဆိုတာ‌တွေ့ကြုံကြရမှာဧကန်မလွဲပါဘဲ..
ဒီပြသနာ‌တွေကိုလည်းနားလည်မှုဆိုတဲ့ ချစ်‌ခြင်း‌မေတ္တာနဲ့‌ ဘောင်ခတ်ထားမယ်ဆိုရင် တိုးတက်‌‌အောင်‌မြင်မှာအမှန်ပါဘဲ...။

 ဖေ‌ဖေါ်ဝါရီလ ၁၄ရက်နေ့ ဟာ တကမ္ဘာလုံးကအသိအမှတ်‌ပြုထားတဲ့ ချစ်သူများ‌နေ့ဖြစ်သလို၊ ကျမတို့ကရင်တမျိုးသားလုံးအတွက်မ‌မေ့နိုင်‌‌သော ရင်နှစ်စရာအဖြစ်အပျက်နဲ့ကြုံခဲ့ရတဲ့‌နေ့‌လေးတ‌နေ့ပါ။ ကရင်သမိုင်းမှာမ‌မေ့နိုင်‌‌တော့တဲ့ သမိုင်းတွင်‌‌စေခဲ့တဲ့‌နေ့ ဆိုရင်လည်းမမှားဘူး‌ပေါ့..အတ္တတရားလွန်ကဲတဲ့ အာဏာရှင်‌‌တွေ‌ကြောင့်‌ တန်ဖိုးဖြတ်လို့မရတဲ့ ကျမတို့ရဲ့‌ခေါင်း‌ဆောင်ကြီး ရက်စက်စွာအသတ်ခံခဲ့ရတယ်..
ကရင်လူငယ်‌‌မောင်မယ်များ ဒီက‌နေ့ချစ်သူများ‌နေ့မှာ ‌ချောကလက်‌‌လေး‌တွေကို စိတ်ကူးယဉ်‌‌နေမဲ့အစား ငါတို့ကရင်တမျိုးသားလုံးအတွက် အသက်စွန့်ခဲ့တဲ့ အဖ‌ခေါင်း‌ဆောင်ကြီးကိုဂုဏ်‌ပြုကြရ‌အောင်လား။
လှပခြင်းရဲ့‌နောက်မှာအကျည်းတန်‌ခြင်းက ငါတို့‌ခေါင်း‌ဆောင်ကြီးအတွက် နိဂုံးဖြစ်‌‌စေခဲ့သလား။

(မင်္ဂလာည‌နေခင်းပါဦး‌လေး...¸) လို့ ပန်းခြင်းကို ကမ်း‌ပေးပြီး ရင်ဝတည့်‌တည့်‌ကို ရက်ရက်စက်စက် ပစ်ခတ်ခံလိုက်ရတဲ့ငါတို့ရဲ့‌ခေါင်း‌ဆောင်ကြီး‌ သေချာစွာပြန်‌‌တွေးကြည့်‌လိုက်ရင်..ရင်နှင့်‌ဘို့‌ကောင်းလှပါတယ်...ဒါ‌ကြောင့်‌ ဒီဖေဖေါ်ဝါရီ ၁၄ ရက် ချစ်သူမျာ‌နေ့ဟာ ငါတို့ကရင်တမျိုးသားလုံးတွက် မ‌မေ့နိုင်စရာအမှတ်‌ဖြစ်သကဲ့သို့ လူငယ်များအားလုံး အချစ်ကို အတ္တတရားကင်းစွာနဲ့ မိမိချစ်ခင်‌‌သောသူကိုအချစ်မျှ‌ဝေပါ.။

ကရင့်‌ကြမ္မာကရင်ဖန်တီးရမည် ဒီစာ‌ကြောင်း‌လေးကကျွန်မတို့ရဲ့‌ခေါင်း‌ဆောင် သူရဲ‌ကောင်းကြီးဖြစ်တဲ့‌ စောဘဦးရဲ့မူ‌လေးချက်ထဲကတချက်ပါ..
.{ကရင့်‌ကြမ္မာကရင်ဖန်တီးရမည်}သူ‌ပြော ထားတာ ရိုးရိုး‌လေးနဲ့အဓိပ္ပါယ်‌‌လေးနက်ပါတယ်။ ကျမတို့လူမျိုးတိုးတက်တာ ဆုတ်ယုတ်တာ ကျမတို့လက်ထဲမှာဘဲရှိပါတယ်။ ကျမအဓိက‌ပြောချင်တဲ့အ‌ကြောင်းအရာက‌တော့(ကရင့််‌ကြမ္မာ)ကံကြမ္မာ ဆိုတာလူလုပ်လို့ဖြစ်လာတာပါ..ဒါဆိုရင် ကျမတို့ကရင်လူမျိုးရဲ့ကံကြမ္မာကိုလည်း ကျမတို့လုပ်ရင်လုပ်သလိုဖြစ်လာရမှာ‌ပေါ့ မဟုတ်ဘူးလား။

ခုကျမ‌ရေးတဲ့အ‌ကြောင်းအရာနဲ့ပတ်သက်ပြီး တခြားလူမျိုးစု‌တွေကိုပုတ်ခန်‌‌စော်ကားမှု မရှိတာအမှန်ပါ..ကျမတို့တခြားလူမျိုးနဲ့ လက်ထပ်ထိမ်းမြားလိုက်ပြီးကတည်းက‌ နောက်မှာလူဖြစ်လာမဲ့မျိုးဆက်သစ်‌‌တွေတပုံကြီးရှိမှာပါ.
သူတို့ကတဆင့်‌တခြားလူမျိုး‌တွေနဲ့ပြန်ယူမယ်ဆိုရင်‌‌ နောက်‌ဖြစ်လာမဲ့ အကျိုးဆက်ဆိုတာဒါပါဘဲ...လူမျိုး‌ပျောက်တယ် မျိုးတုံးသွားတယ်ဆိုတာ‌ပေါ့..
ဒါ‌ကြောင့်‌ ကိုယ့်‌က၇င့်‌ရဲ့ကြမ္မာကိုကရင်‌ဖြစ်တဲ့ ကျမတို့ကဘဲဖန်တီးရမှာပါ။

.‌သေချာစဉ်းစားကြပါလူငယ်‌မောင်မယ်တို့..တို့ကရင်ဘိုးဘွားဘီဘင်‌‌တွေအဆက်ဆက်က ကျင့်‌သုံးလာခဲ့ကြတဲ့ အစဉ်အလာ‌တွေဓ‌လေ့ထုံးစံ‌တွေဟာ ခုဆိုရင်လူငယ်‌‌တွေ သိသင့်‌သ‌လောက်သိ‌ပေမယ့်‌ ဘာဆိုဘာမှမသိတဲ့လူငယ်‌‌တွေလည်း အများကြီးပါ။

အဲဒီမသိတဲ့လူက တခြားမသိတဲ့သူကိုဘာလက်ဆင့်‌ကမ်း‌ပေးနိုင်မလဲ..ဥပမာ-ကိုယ့်‌ကရင်ရဲ့အလံအဓိပ္ပါယ်ဖွင့်ဆိုချက်၊ကရင့် နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံတွေ၊ ရိုးရာအ‌မွှေအနှစ်‌‌တွေပြန်ပြီး‌လေ့လာဘို့လိုအပ်ပါတယ်၊

အခုတချို့ဆိုရင် ကရင်စကား‌ပြောရင်‌‌ ခေတ်နောက်ကျတယ်ဆိုတဲ့အ‌တွေးအ‌ခေါ်‌တောင်ရှိကြတယ်...
ကျမတို့ဘိုးဘွား‌တွေအစဉ်အဆက်က ကြိုးပမ်းအားထုတ်ခဲ့ရတာ‌တွေ ကရင်ဆိုတာ ရိုးသား‌ဖြောင့်‌မတ်တယ် ဧည့်‌သည်ဝတ်‌ကျေပြွန်တယ်..ဒီဂုဏ်ပုဒ်‌‌တွေကိုကိုယ့်‌ရဲ့ လက်ထက်‌‌ရောက်မှ‌ ပျောက်ကွယ်‌‌အောင် ဖန်တီး‌တော့မှာလား.။‌

လေး‌လေးနက်နက်စဉ်းစားကြပါ ...
လူငယ်‌‌မောင်မယ်တို့...ကရင့်‌ကြမ္မာကရင်ဖန်တီးရမည်‌...
စောဘဦးကြီးရဲ့မူကိုနှလုံးသွင်းပြီး ကိုယ့်‌လူမျိုးတိုးတက်ဘို့ ကိုယ့်‌အားဖြင့်‌ လူမျိုးမတိမ်‌‌ကောဘို့ကြိုးစားကြရ‌အောင်လား....

ဒီ‌ဖေ‌ဖေါ်ဝါရီ၁၄ရက်‌‌နေ့မှာအချစ်အ‌ကြောင်း‌လေးကို ဆင်‌ခြင်စဉ်းစားပြီး ကိုယ့်‌လူမျိုးရဲ့အနာဂတ်ကိုလည်းသတိချပ်ပြီး။
အချစ်ကိုအကျိုးရှိစွာနဲ့ချစ်နိုင်ကြပါ‌စေ...
အတ္တကင်းတဲ့ချစ်‌ခြင်းတရားကိုပိုင်ဆိုင်နိုင်ကြပါ‌စေ......

နန့်အိုင်ဆန်းခလိန်

Related

article 3295411440518231954

1 commentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item