တော်လှန်ရေး အသုံးအနှုန်းကို မသုံးနှုန်းရန် ပြောကြားခဲ့သော KNUဥက္ကဌစကားကို လက်မခံနိုင်သော အဖွဲ့များရှိ

 


ကရင် အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင် မူတူးဆေးဖိုး က တိုင်းရင်းသား
လက်နက်ကိုင် တော်လှန်ရေး ဖို့  မသုံးနှုန်း ဖို့  KNU တွေ ကို သာ မက ကရင် တိုင်းရင်း
သား တွေ နဲ့  အခြား တိုင်း ရင်းသား တွေ ကို သတိပေး ပြီး တဲ့ နောက် မူတူးဆေးဖိုး ရဲ
့ စကား ကို ကန့် ကွက် သူ တွေ ၊ မကျေ နပ် သူ တွေ KNU နဲ့  အခြား တိုင်းရင်းသား
လက် နက် ကိုင် တပ် တွေ ထဲ မှာ ပေါ် ထွက် လာ တယ် လို့  FNG က သတင်း ရရှိ ပါတယ်။

 KNU ခေါင်းဆောင် ပိုင်း မှာ ပါ မူတူးဆေးဖိုး ရဲ့ စကား ကို လက်မခံ တာ ရှိ ပြီး ၊ အဲဒီ စကား
ကို ပြန် ရုတ် သိမ်းဖို့  မူတူးဆေးဖိုး ကို KNU ခေါင်းဆောင် အချို့  က တောင်းဆို မယ်လို့  FNG
က သတင်း ရရှိ ပါတယ်။

KNU ထဲ က အမာခံ အရာရှိ အချို့  ကတော့ မူတူးဆေးဖိုး ကို ပုန်ကန် ဖို့  တွေ လည်း လုပ်
နေပြီး ၊ မူတူးဆေးဖိုး က KNU အရာရှိ တွေ ၊ အဖွဲ့  ၀င် တွေ ကို တော်လှန်ရေး ဆိုတဲ့ စကား
ပါ ထည့် မသုံး ဖို့  ညွှန် ကြားထားတယ် လို့  သိရ ပါတယ်။

DKBA အဖွဲ့  က လည်း မူတူးဆေးဖိုး စကား ကို ပယ် ချ သလို ၊ ရှမ်းလက်နက် ကိုင် တပ် ဖွဲ့ 
တွေ က လည်း မူတူးဆေးဖိုး ရဲ့  ပြောစကား ကို ပြန် ရုတ်သိမ်းဖို့  တောင်း ဆို ထား ပါတယ်။
မဲဆောက် အခြေစိုက် FNG သတင်း ထောက် က တော့ “မူးတူးဆေးဖိုး ပြောပြီး တဲ့ နောက်
မှာ KNU အတွင်း မှာ တော်တော် လေး တင်းမာမှု တွေ ရှိ လာ ပြီး အရာရှိ ကြီး တစ်ချို့  က မူ
တူးဆေးဖိုး ရဲ့  ဦးဆောင်မှု ကိုဖယ် ရှား လိုတာ တွေ ရှိကြောင်း ပြောပါတယ်။

တပ်မဟာ ၇ က အရာရှိ တစ်ဦး ဖြစ်သူ ဒေးဗစ် စောဦး က တော့ ” မူတူးဆေးဖို့  ရဲ့  စကား ကKNU  ခေါင်း
ဆောင် တွေ ၊ ဗိုလ်ချုပ် မြ တို့  ချမှတ် ထား တဲ့ မူ ကို ချိုးဖောက် သွား ပြီ ” လို့  မှတ် ချက်ပေး ပါတယ်။
KNU / KNLA က ကိုယ်ပိုင် ပြဌာန်း ခွင့် အတွက် တိုက်ပွဲ ၀င်စဉ် ကာလ တွေ မှာ ကရင် လူမျိုး
တွေ အိုးအိမ် ပျောက် ခဲ့ ရ ပြီး ကရင် ပြည်သူ နဲ့  KNLA က တပ် သား ရှစ် သောင်း လောက် အသက်
စွန့် လွှတ်ခဲ့ ရ ပါတယ်။

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item