အမာခံကော်မတီများနှင့် ခေါင်းဆောင်ပိုင်းကို MKO အသစ်ပြန်လည်ရွေးချယ်မည်
http://albanykarennews.blogspot.com/2013/12/mko.html
ကရင့်အမျိုးသားနှစ်သစ်ကူးနေ့အလွန် ဇန္န၀ါရီလ (၅)ရက်၊ ၂၀၁၄ နေ့တွင် မလေးရှား ကရင်အမျိုးသားအဖွဲ့အစည်း(MKO) အနေဖြင့် အမာခံကော်မတီဝင်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ စီမံကွပ်ကဲမှု ခေါင်းဆောင်ပိုင်းကို အသစ်တဖန်ပြန်လည်ရွေးချယ်တင်မြောက်မည်ဖြစ်ကြောင်း လက်ရှိ MKO ဥက္ကဌမန်းဒုံယောင်းက ဆိုပါသည်။
ထိုနေ့တွင် MKO အဖွဲ့အစည်းကြီးဖြစ်ပေါ်လာစေရန်နှင့် အဖွဲ့အစည်းတခု၏ အုတ်မြစ်(သို့) မဏ္ဍိုင်ဖြစ်သော ဖွဲ့စည်းပုံကိုပါ ရေးဆွဲပေးခဲ့သည့် MKO ဖခင်ကြီး အတီးကနဲမီလည်း အဓိကအခန်းကဏ္ဍကနေ တက်ရောက်စီမံညွန်ကြားပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
ဥက္ကဌမန်းဒုံယောင်းက '' ကိုယ့်ကရင်အဖွဲ့အစည်း တိုးတက်ရာတိုးတက်ကြောင်းနဲ့ အမျိုးသားရေး အတွက် အချိန်ရော လူရော ပေးဆပ်နိုင်မဲ့သူတွေကို ရွေးချယ်တင်မြောက်နိုင်ဖို့အတွက် အဲဒီနေ့ကျရင် မလေးရှားမှာရှိတဲ့ မျိုးချစ်ကရင်တွေ တက်ရောက်စေချင်တယ်၊ MKO မှာ တကယ်ပေးဆပ်ခဲ့တဲ့ လူဟောင်းတွေလည်း အတော့်ကို နည်းလာနေပြီ၊ လူဟောင်းပဲဖြစ် လူသစ်ပဲဖြစ်ဖြစ် အရေးကြီးတာက အဖွဲ့အစည်းဆက်လက်ရပ်တည်နိုင်ဖို့နဲ့ တိုးတက်ဖို့ အတွက် တွေးခေါ်ရှုမြင်နိုင်မဲ့သူတွေကို ဦးစားပေး ရွေးချယ်တင်မြောက်စေချင်ပါတယ်'' ဟု ကိုးဒီသွေးကို ပြောသွားပါသည်။
ထိုသို့ အသစ်တဖန်ပြန်လည်ရွေးချယ်တင်မြောက်ရာတွင် အပြုသဘောဆောင်ပြီး ပွင့်လင်းမြင်
သာမှုကို ရှေ့တန်းတင်ထားပါက MKO အနေဖြင့် ရှေ့ဆက်၍ အောင်မြင်မှုအသီးအပွင့်များ မုချ ဆွတ်ခူးနိုင်ဦးမည်ဟု ကိုးဒီသွေးအနေဖြင့် ယုံကြည်ပါသည်။
သို့ဖြစ်၍ လာမည့် ၂၀၁၄ ဇန္န၀ါရီ (၅)ရက် မနက်(၁၀)နာရီအချိန်တွင် MKO တိုးတက်ရာတိုးတက်ကြောင်းကို ရှေးရှုပြီး ရွေးချယ်တင်မြောက်ပွဲကျင်းပရာ MKO ရုံးသို့ မလေးရှားကရင်အမျိုးသားများ ပါဝင်တက်ရောက်ရန် လိုအပ်ကြောင်း ဆန္ဒပြုလိုက်ရပါသည်။

Post a CommentDefault CommentsFacebook Comments