ထိုင်းအတိုက်အခံခေါင်းဆောင်ကို လူသတ်မှုဖြင့် ရုံးထုတ်



ထိုင်းနိုင်ငံမှာ အတိုက်အခံ ခေါင်းဆောင် အဘိဆစ် ဝက်ဂျာဂျိဝကို သူ ဝန်ကြီးချုပ် တာဝန်ယူခဲ့စဉ်က ဆန္ဒပြသူတွေကို စစ်တပ်က ဖြိုခွဲခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူသတ်မှုနဲ့ ရုံးထုတ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က မြို့တော် ဘန်ကောက်မှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံတဲ့ လက်နက်မဲ့ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့တွေက ပစ်ခတ် ဖြိုခွဲမှုအတွင်း လူ ၉၀ ကျော် သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီတုန်းက ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ မစ္စတာ အဘိဆစ်ဟာ စစ်တပ်ကို အင်အား အလွန်အကျွံ သုံးဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မစ္စတာ အဘိဆစ်ကတော့ အခုလို စွပ်စွဲချက်တွေဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုပါတယ်။

အခုအချိန်မှာတော့ မစ္စတာ အဘိဆစ်ဟာ သက်ဆင်ရဲ့ ညီမ ယင်လတ် အစိုးရကို ဖြုတ်ချရေး ကြိုးပမ်းနေတဲ့ အတိုက်အခံ ခေါင်းဆောင် တစ်ဦး ဖြစ်နေပါတယ်။

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item