ဖျားလုံမီးပုံလွှတ်တင်ပွဲ

http://albanykarennews.blogspot.com/2013/12/blog-post_19.html
ကရင်ပြည်နယ် ဘားအံမြို့နယ် ဖျားလုံရွာမှာ နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တိုင်း ကျင်းပလေ့ရှိတဲ့ မီးပုံးပျံ လွှတ်တင်တဲ့ပွဲက တနှစ်ထက်တနှစ် ပိုပြီးစည်ကားလာတာကို တွေ့ရပါတယ်။
မီးပုံးပျံလွှတ်တင်တဲ့ ဘာသာရေးပွဲတော်ကနေ အမျိုးသားရေးအသွင်ဆောင်လာတာကိုလည်း သတိထားမိပါတယ်။ ကရင့်အမျိုးသားအလံတော်နဲ့ အမျိုးသားအမှတ်သညာတွေကို ရေးဆွဲပြီး လွှတ်တင်လာကြပါတယ်။
ဒီနှစ်လည်း ကိုးဒီသွေးလည်း ပါဝင်လာတာကို တွေ့ရပါတယ်။ ကိုးဒီသွေးကနေ စပွန်ဆာလုပ်တာတော့ မဟုတ်ပါဘူး။ ကိုးဒီသွေးကို အားပေးကြတဲ့ ပရိတ်သတ်တွေ၊ အထူးသဖြင့် Saw Freedom တို့ ငွေကုန်ကြေးကျခံပြီး လွှတ်တင်ကြတာဖြစ်ပါတယ်။
ကိုးဒီသွေးလည်း ယတြာချေပြီး မီးပုံးလွှတ်တင်ပြီးသား ဖြစ်သွားတာမို့ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
Post a CommentDefault CommentsFacebook Comments