KIA ဆွဲမိုင်းကြောင့် ဗမာစစ်တပ်မှ အပတ်စဉ် ၅၂ ဗိုလ်ဇော်မျိုးထက်ကျဆုံး

http://albanykarennews.blogspot.com/2013/09/kia.html
ပူတာအို ခရိုင်၊ အင်ဂျန်ဘောက် ၊ မချမ်းဘောမြို့အနီးမှာ အင်အား(၁၄)ယောက်ပါဝင်တဲ့ ဗမာစစ်တပ် ခလရ ၁၃၇ နဲ့အင်အား (၃၀)ဦးလို့ ခန့်မှန်းရတဲ့ KIA တပ်တို့ ၂၈ . ၈ .၂၀၁၃ မှာ တိုက်ပွဲ(၂)ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
ထိုတိုက်ပွဲမှာ KIA မှ နယ်မြေကျွမ်းကျင်မှုနဲ့ ဗမာစစ်တပ်ရဲ့ စစ်ဗျူဟာ ညံ့ဖျင်းမှုကြောင့် ဗမာစစ်တပ်မှ အကျအဆုံးရှိခဲ့ပါတယ်။
တိုက်ပွဲက တရက်တည်းနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နေ့ခင်းတိုက်ပွဲမှာ KIA ဆွဲမိုင်းနဲ့ ဗမာတပ်မှ (၃)ယောက်ကျဆုံးကြောင်း သိရပါတယ်။ ညဘက်ဖြစ်ပွားတဲ့ အပြင်းအထန်တိုက်ပွဲမှာတော့
ဗမာစစ်တပ်မှ ကစဥ့်ကလျားထွက်ပြေးကြလို့ လူစုကွဲတဲ့အထိ ဖြစ်ခဲ့ရကြောင်းသိရပါတယ်။
ဒီညတိုက်ပွဲမှာတော့ ဗမာစစ်တပ်မှ ရန်ကုန်ဇာတိဖြစ်သူ အပတ်စဉ်(၅၂) ဗိုလ်ဇော်မျိုးထက်ကို KIA မှ အနီးကပ် သုတ်သင်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။
Post a CommentDefault CommentsFacebook Comments