လူတွေက ရူးပြီးဖြစ်နေကြတယ် အသုံးအနှုန်းကို လမ်းတခြမ်းခင်း အောင်သိန်းလင်းမကပဲ ဦးဌေးဦးလည်း ဆက်ပြီးသုံးနှုန်း




“ပြည်သူတွေ ပြင်ချင်တယ်ဆိုတာ ကျွန်တော်ကတော့ မယုံကြည်ဘူး။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံကို လေ့လာတဲ့ ပြည်သူတွေဆိုတာ ရှားပါတယ်။ ကျွန်တော်တောင် အခုမှ လေ့လာပြီး ပြန်ပြုစုနေရတာ။ ပြင်ချင်တဲ့သူတွေက ပြည်သူတွေဆီ သွားရှင်းပြပြီး ပြည်သူတွေက ပြင်ချင်တာ ဖြစ်နေတယ်လို့ ကျွန်တော် ထင်တယ်။ လူတွေက ရူးပြီး ဖြစ်နေကြတာပါ” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။

အထက်က စာကတော့ ၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် (အင်္ဂါနေ့) ထုတ် Daily Eleven မှာ ဓါတ်ပုံနဲ့တကွ ပူးတွဲပါရှိတဲ့ စာ ဖြစ်ပါတယ်။

အဲဒီစာကို ဖတ်လိုက်ရတော့ ကျနော်ဟာ အတော့်ကို အံ့အားသင့်မိပါတယ်။ ဦးဋ္ဌေးဦးရဲ့ စကားဆန်းတွေကို ကျနော့်ရဲ့ ဖဘ မိတ်ဆွေတွေလည်း သိသင့်တယ်လို့ ယူဆမိတာကြောင့် သတင်းစာကို ဓါတ်ပုံရိုက်ယူပြီး ရှယ်ပေးလိုက်ပါတယ်။ ကျနော့်ရဲ့ ဝေဖန်သုံးသပ်ချက်ကိုပါ ရေးပေးလိုက်ပါတယ်။
  • ပြည်သူတွေ Constitution ပြင်ချင်တာကို ဦးဌေးဦး မယုံတာကတော့ သူ့အပိုင်းပါ။ လူထုကြားထဲ အမှန်တကယ် ရောက်နေရင် လူထုအသံကို နားထောင်ကြည့်ပါ …. လက်ရှိ Constitution ကို ကြိုက်မကြိုက်၊ ပြင်သင့် မပြင်သင့် လူတိုင်း ချက်ချင်း ပြန်ပြောနိုင်ပါလိမ့်မယ်။ ဒါကို ကောင်းကောင်းကြီး လက်တွေ့ကျကျ သိလာမှာ သိပ်သေချာပါတယ်။ မယုံရင် ရန်ကုန်မြို့ရဲ့ ပလက်ဖောင်းဘေးမှာ တနေ့လုပ်မှ တနေ့စားရတဲ့ ဈေးရောင်းသူတွေကို အလွယ်တကူ မေးကြည့်နိုင်ပါတယ်။ ဘတ်စ်ကားစီးတဲ့သူ၊ မြို့ပတ် မီးရထား စီးတဲ့သူတွေကိုလည်း မေးကြည့်နိုင်ပါတယ်။ နိုင်ငံရေးပါတီကြီးတခုရဲ့ ဒုတိယ ဥက္ကဋ္ဌဟာ သူ့ရဲ့ လက်တွေ့ဘဝ ပတ်ဝန်းကျင်မှာ မြန်မာပြည်သူ အခြေခံ လူတန်းစားတွေနဲ့ ကင်းဝေးနေသလားလို့ တွေးစရာ ဖြစ်လာပါပြီ။

  • ဦးဋ္ဌေးဦးက “ကျွန်တော်တောင် အခုမှ လေ့လာပြီး ပြန်ပြုစုနေရတာ” ဆိုတော့ နိုင်ငံရေးပါတီတခုရဲ့ ဒုတိယဥက္ကဋ္ဌ လုပ်သူတဦးအနေနဲ့ လက်ရှိမှာ ဥပဒေ သက်ရောက်ပြီး ကျင့်သုံးနေတဲ့ Constitution ကို အရင်ကာလ ရွေးကောက်ပွဲ မတိုင်မီနဲ့ ရွေးကောက်ပွဲ ပြီးသွားချိန် နောက်ပိုင်းတွေမှာ Constitution ကို မလေ့လာခဲ့ဘူးလို့ ဝန်ခံရာရောက်နေပါတယ်။ အနည်းဆုံး နိုင်ငံရေးပါတီတွေရဲ့ အကြီးအကဲတွေလောက်ကတော့ Constitution ကို သေသေချာချာ ဖတ်မှတ်ပြီး လေးစား လိုက်နာနေကြမယ်လို့ အရင်က ကျနော် ထင်ခဲ့ဖူးပါတယ်။ အခုတော့ သူတို့အပေါ် ကျနော် ထင်ထားခဲ့တာ မှားသွားပါတယ်။ ကျနော်တို့ဆိုရင် ၂ဝဝ၈ အခြေခံဥပဒေကြမ်းကို ဆန္ဒခံယူပွဲ မလုပ်ခင်ကတည်းက ကျေလည်အောင် လေ့လာထားခဲ့ကြပါတယ်။ 

  • “လူတွေက ရူးပြီး ဖြစ်နေကြတာပါ” လို့ ဦးဋ္ဌေးဦး စွပ်စွဲသွားပါတယ်။ Constitution ကို ပြင်ချင်သူတွေက ရူးတယ်လို့ ဆိုချင်ပုံ ရပါတယ်။ ပြည်သူတွေကို မစော်ကားသင့်ပါဘူး။ နိုင်ငံတော်က လစာ ရတယ် ဆိုတာ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုကနေ ဆင်းသက်လာတာပါ။ ဒါဟာ ဒီမိုကရေစီခေတ်မှာ ပြည်သူတွေက သိထားတဲ့ အချက်ပါ။ နိုင်ငံရေးလုပ်သူဆိုရင် ပိုလို့တောင် သိနေရပါတယ်။ ခေတ်စနစ်နဲ့ မလျော်ညီတဲ့ အခါတိုင်းမှာ Constitution ကို ပြင်ပေးရပါတယ်။ လက်ရှိအချိန်မှာလည်း Constitution ကို ပြင်ပေးချင်တဲ့ နိုင်ငံအကြီးအကဲတွေ၊ ဥပဒေပြု လွှတ်တော်အမတ်တွေ သိသာထင်ရှား ရဲဝံ့စွာ ရှိနေပါတယ်။ အယူအဆ မတူတိုင်း ကိုယ့်နိုင်ငံသားအချင်းချင်း ဘာကြောင့် နှိမ့်ချ ဆက်ဆံမလဲဗျာ။

Related

article 329274493376487015

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item