ရေပန်းစားနေသော ၀န်ကြီးပုံ
http://albanykarennews.blogspot.com/2013/09/blog-post_5.html
ခုတလော အင်တာနက်စာမျက်နှာတွေမှာ ရေပန်းစားနေတဲ့ဓါတ်ပုံတွေကတော့ ပဲခူးတိုင်းဝန်ကြီးပုံတွေနဲ့ နိုင်ငံတကာအလှမယ်ဝင်ပြိုင်နေတဲ့ ခင်ဝင့်ဝါရဲ့ပုံတွေပါပဲ။
ဒါပေမဲ့ ရေပန်းစားခြင်းတော့မတူကြပါဘူး။
ခင်ဝင့်ဝါကို ရိုးရိုးရော ငွေပေးချေတဲ့စံနစ်နဲ့ပါ vote လုပ်ပြီးအားပေးကြတာပါ။
ခင်ဝင့်ဝါကိုယ်တိုင်လည်း သူ့ပရိတ်သတ်ကို ရ်ုသေလေးစားမှု ရှိတဲ့အတွက်ကြောင့်လည်း ပိုပြီး အားပေးကြပါတယ်။
ပဲခူးတိုင်းဝန်ကြီးကိုယ်ကျတော့ ဦးနုနဲ့တမျိုး ထိုင်းဝန်ကြီးချုပ်ဓါတ်ပုံနဲ့တမျိုး ယှဉ်ပြီးတော့ မေတ္တာပို့နေကြတာပါ။
ပဲခူးတိုင်းဝန်ကြီးရဲ့ပုံက မီဒီယာမှာ နေရာမရတော့တဲ့ လမ်းတခြမ်းခင်းအောင်သိန်းလင်းရဲ့ ပြည်သူတွေက အရူးတွေပါစကားလိုပဲ ရေပန်းစားနေသလို ဖယောင်းတိုင်ထွန်းပါ၊ တောင်သူတွေ ထမင်းတနပ်လျှော့စားကြပါ စကားလိုပဲ ရေပန်းစားနေတာပါ။
ဝန်ကြီးဟာ ရေကြီးမှုဘေးအန္တရာယ်ကို လိုက်လံကြည့်ရှုရာမှာ ပဒေသရာဇ်ခေတ်၊ အာဏာရှင်ခေတ်က ပုံတူကိုကူးချပြီး လှေအသစ်ချွတ်ချွတ်ပေါ်မှာ တယောက်တည်းထိုင်ပြီး ၀ိုင်းဆွဲကြရတာပါ။

ယှဉ်လည်း ယှဉ်သင့်ပါတယ်။ |
ခင်ဝင့်ဝါပုံပါ |
ဦးနုနဲ့ ယှဉ်ပြတာပါ |
Post a CommentDefault CommentsFacebook Comments