စောအေးမြင့်နှင့်ဇနီးမူးဟီ့လာတို့နှစ်ဦး ရက်ရက်စက်စက်အသတ်ခံရသောအမှုမှာ ယောက္ဖတော်စပ်သူကိုယ်တိုင် ပါဝင်ပတ်သက်နေသလား
http://albanykarennews.blogspot.com/2013/09/blog-post_23.html
့်
မလေးရှားနိုင်ငံ၊ Sg. Jalit တောင်ပေါ်စိုက်ပျိုးရေးဒေသမှာ အသတ်ခံရတဲ့ စောအေးမြင့်နဲ့ ဇနီးဖြစ်သူ မူးဟီ့လာ(စံပရီး)တို့အမှုကို ကျေးရွာလူကြီးတွေနဲ့ ရွာမှာပြုလုပ်တာ မပြီးမြောက်သေးကြောင်း သိရပါတယ်။
ဒီလူသတ်မှုမှာ လူသတ်သမားရှစ်ဦးထက်မနည်း ပါဝင်ပတ်သက်နေပြီး လည်လှီးသတ်သူမှာ မိုင်းကံရွာသားဖြစ်သူ မောင်တင်မြင့်ဖြစ်ကြောင်း ခိုင်လုံတဲ့ သတင်းအရ သိရပါတယ်။
စောအေးမြင့်တို့ အသတ်ခံရပြီးတဲ့နောက် စောအေးမြင့်ရဲ့ ယေက္ဖဖြစ်သူ မောင်ကျော်ခလယ်က စိုက်ပျိုးရေးတောင်ပေါ်ဒေသကနေ ကွာလာလမ်ပူမြို့ပေါ်သို့ ပြန်လာခဲ့ပြီး မရှေးမနှောင်းမှာပဲ ရွာကို တန်းပြန်သွားပါတယ်။ စိုက်ပျိုးရေးမှာ ဆက်နေရင် သူကိုယ်တိုင်လည်း အသတ်ခံရနိုင်ကြောင်း ရွာကို ပြန်လည်ပြောပြခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းနှစ်ပတ်က လူသတ်သမားတွေ တပတ်အတွင်းပြန်လာရမယ်လို့ ရွာလူကြီးတွေ လှမ်းမှာပေမဲ့လည်း ပြန်လည်ရောက်ရှိခြင်းမရှိပဲ စိုးမြင့်(ထီးဖူးခလုံး)တယောက်သာ ပြန်လာခဲ့တယ်လို့လည်း သိရပါတယ်။
အမှုဖြေရှင်းတဲ့နေ့မှာ စိုးမြင့်က ဒီလူသတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အရင်ပြန်လာတဲ့ မောင်ကျော်ခလယ်ကို မေးကြည့်ပါ။ သူကောင်းကောင်းသိတဲ့အကြောင်း ပြောတဲ့အချိန်မှာ မောင်ကျော်ခလယ်က ဘာမှ ပြန်မပြောပဲ ငြိမ်နေခဲ့တယ်လို့ ဆိုကြပါတယ်။
စိုက်ပျိုးရေးဒေသကို ဆက်သွယ်ကြည့်တဲ့အချိန်မှာ စောအေးမြင့်ကို မသတ်ခင် မောင်ကျော်ခလယ်နဲ့ ဆွေးနွေးခဲ့ကြောင်း။ သူကိုယ်တိုင် ခွင့်ပြုရုံမကပဲ သတ်မယ်ဆို မြန်မြန်သတ်ဖို့ပြောခဲ့ကြောင်း ဆိုပါတယ်။
မောင်ကျော်ခလယ်ကိုယ်တိုင်က ကိုယ့်မိန်းမမောင်လေးအရင်းခေါက်ခေါက်ကို စိုက်ပျိုးရေးမှာ နေဖို့ အများက မနှစ်မြို့ခဲ့ရင် မြို့ပေါ်သို့ ခေါ်လာပြီး တာဝန်ယူဖြေရှင်းပေးသင့်ကြောင်း၊ အခုတော့ သူကိုယ် တိုင် ပါဝင်ပတ်သက်နေသလိုလို ဖြစ်နေကြောင်း တချို့က သုံးသပ်ကြပါတယ်။
စောအေးမြင့်၏ဇနီးဘက်ကတော့ ဒီအမှုက ကျေးရွာအဆင့်မှာ မပြီးမြောက်ရင်တောင် ဆက်သွားဖို့ရှိတဲ့အကြောင်း၊ လူသားတဦးကို တိရိစ္ဆာန်သဖွယ် သတ်ဖြတ်ခံရတာ မခံမရပ်နိုင် ဖြစ်ကြကြောင်းလည်း သိရပါတယ်။
စောအေးမြင့်နှင့်ဇနီးမူးဟီ့လာနှစ်ဦးဟာ မလေးရှားကနေ အောက်လမ်းကနေ လာတာမှန်ပေမဲ့ မလေးရှားအစိုးရရဲ့ 6P စီမံကိန်းမှာ သူဌေးက ပါမစ်လုပ်ထားပေးခဲ့ကြောင်း၊ သူတို့နှစ်ဦးရဲ့ ပတ်စပို့က သူဌေးဆီမှာပဲ ရှိနေသေးတဲ့အတွက် အမှန်တကယ် သူဌေးကိုယ်တိုင်က အမှုဖွင့်တိုင်းကြားခဲ့မယ် ဆိုရင်လည်း လူသတ်သမားတွေ ပြေးစရာလမ်းမရှိတဲ့အကြောင်းလည်း ပြောကြပါတယ်။
ဆက်စက်သတင်းကို ဒီမှာနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

Post a CommentDefault CommentsFacebook Comments