ကရင်တိုင်းရင်းသား ကိုယ်စားပြုပါတီ ၄ ပါတီ ပူးပေါင်းရေး ပထမဆုံးအကြိမ် ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဆွေးနွေး

14.Sept.2014

လာမယ့်၂ဝ၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကရင်တိုင်းရင်းသား ကိုယ်စားပြုပါတီ ၄ ပါတီ ပူးပေါင်းပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့နဲ့ ပါတီတစ်ခုတည်းအဖြစ် ပူးပေါင်းသွားကြဖို့အတွက် ပထမဆုံးအကြိမ် ဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်စားဥယျာဉ်မှာ ဒီနေ့ စတင်ကျင်းပပါတယ်။

ကရင်လေးပါတီရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲအကြောင်း ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဌ မန်းအောင်ပြည်စိုးက RFA ကို အခုလိုပြောပါတယ်။

“ကျနော်တို့ ဒါငြိမ်းချမ်းရေးတို့၊ စည်းလုံးရေးတို့အတွက် ရည်ရွယ်ပြီးကျင်းပတဲ့ဟာပဲ၊ ခေါင်းစဉ်တွေကတော့ ကရင်နိုင်ငံရေးပါတီများ တစ်ပါတီကြီးဖြစ်ပေါ်ရေး၊ ကရင်နိုင်ငရေးပါတီများ ကရင်အမျိုးသားအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ကရင်ပါတီများ ပူးပေါင်းဝင်ရောက်ယှဉ်ပြိုင်ရေး၊ ၂ဝ၁ဝ တုန်းက ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့နေရာတွေမှာ ၂ဝ၁၅ မှာ ရွေးကောက်ပွဲကျင်းပနိုင်ခွင့်ရရှိရေး”

ဒီဆွေးနွေးပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့အထိ နှစ်ရက်ကြာကျင်းပမှာဖြစ်ပြီး ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီစတဲ့ ကရင်တိုင်းရင်းသားပါတီတွေ တက်ရောက်ဆွေးနွေးနေကြပါတယ်။
by rfa

Related

news 2884571002651339194

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item