လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်စ်ကင်တာနား မြန်မာပြည်မှာ အကြမ်းဖက်တိုက်ခိုက်ခံရ




'မိတ္ထီလာတွင် ရဲများအနီးအနားရှိနေလျက် အကြမ်းဖက်ခံရကြောင်း ကင်တားနား ငိုယို၍ပြောသွားခဲ့


နိုင်ငံတော်သမ္မတဦးသိန်းစိန်အနေနဲ့ ကင်တားနားနဲ့တွေ့ဆုံဖို့လုံးဝအစီအစဉ်မရှိကြောင်း ဦးရဲထွတ်က သူ့ဖေ့ဘွတ်မှာပြောဆိုခဲ့ပြီး နောက်နေ့မှာပဲ ပြသနာက စလာတော့တာပါပဲ။

မိတ္ထီလာမြို့အဝင်မှာ ၂ဝဝကျော်လောက်ရှိတဲ့ လူအုပ်ကြီးက သူ့ရဲ့ကားမှန်တွေကို ထုရိုက်ပြီး အော်ဟစ် အကြမ်းဖက်နေချိန်မှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ လက်ပိုက်ကြည့်နေတာဟာ အစိုးရရဲ့ အဓိကပျက်ကွက်မှုကြီးလို့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်စ် ကင်တားနားက ရန်ကုန်မြို့မှာ ကြေညာချက်ထုတ် ပြောဆိုလိုက်ပါတယ်။
 ခုလို အစော်ကားခံရတဲ့အတွက် ၀မ်းနည်းကြေကွဲမိပါကြောင်း ငိုယို၍ ပြောကြားသွားခဲ့ပါတယ်။


ကင်တားနား ဒီနေ့ လေဆိပ်မှာ ရှင်းလင်းပွဲလုပ်ပြီး ဝေဖန် သွားတယ် ဆိုတော့...

 နောက် ထပ် additional စဉ်းစားစရာလေးပါရအောင် တစ်နေ့က အကို တစ်ယောက်တင်ထားတဲ့ Status လေးပါ share မရလို့ ဒီမှာ ကူးပြီးတင်လိုက်ပါတယ်... သေချာတာကတော့ ပွဲဖြစ်မြောက်ရေးအတွက် စပွန်ဆာလဲ ရှိတယ် အော်ဂနိုက်ဇာ လဲရှိတယ်ဆိုတာပါပဲ....

 စတုတ္ထမဏ္ဍိုင် ဆိုတဲ့ ကြက်သတုံးတွေ ကျင့်ဝတ်ဆိုတာ ဘာမှန်းမသိကြဘူး။ ဟိုတစ်နေ့က လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားနဲ့ တွေ့ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်က ပြန်ပြောပြတယ်။

ကင်တားနား ဘုန်းကြီးနဲ့ တွေ့တာ အဝင်မှာရှိခိုး အထွက်မှာ ရှိခိုးပြီး ဘုန်းကြီးနဲ့ အတူတူ ရှိနေတဲ့ အချိန် တလျောက်လုံး မြန်မာတွေ ထိုင်သလို ထိုင်နေပေမယ့် ခြေထောက် ဟိုဘက် ဒီဘက် ပြောင်းတဲ့ အချိန်ကို အမိအရ ဓာတ်ပုံရိုက်ပြီး ဘုန်းကြီးရှေ့ မရိုမသေ ထိုင်သလို ပုံဖြစ်အောင် ဂျာနယ်ထဲထည့်တယ်။ အဲဒီပွဲကို အပြင်မီဒီယာတွေ တစ်ယောက်မှ ဝင်ခွင့်မရဘူး။ အစိုးရ မီဒီယာတွေပဲ ရှိတယ်။ အဲဒီတော့ ဒီဓာတ်ပုံကို အပြင်မီဒီယာတွေကို ပြန်ဖွတာ အစိုးရ မီဒီယာက ဓာတ်ပုံဆရာဆိုတာ သေချာတယ် တဲ့။ ကင်တားနားက ပြောသွားသတဲ့။

ငါဒီနိုင်ငံကို ဒီလောက် လာနေတာ ဘယ်လိုနေထိုင်ဆက်ဆံ ရမလဲ ကောင်းကောင်းသိပါတယ်။ ငါ ဝင်တဲ့ အချိန် ဘုန်းကြီးကို ရှိခိုး ထွက်တဲ့ အချိန် ဘုန်းကြီးကို ရှိခိုးတာတော့ ဓာတ်ပုံမရိုက်ဘဲ ဘာလို့ ခြေထောက် အပြောင်းအလဲကို အမိအရ ဓာတ်ပုံ ရိုက်ရသလဲလို့ ကင်တားနားက မေးပြီး အတော်စိတ်မကောင်း ဖြစ်သွားသတဲ့။ နောက်တော့ ဘင်္ဂါလီ ကိစ္စလည်း ပြောသွားတယ်။ ဘင်္ဂါလီကို နိုင်ငံသားပေးပါလို့ သူမပြောဘူး။ ဒါက ဥပဒေ အတိုင်းပဲ။

ဒါပေမယ့် ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီး လူအချင်းချင်း လူ့အခွင့်အရေးကို လေးစားကြပါလို့ပဲ ပြောတာပါ။ ကျန်တာကတော့ မီဒီယာတွေ ဖွတာပါ လို့ ပြောသတဲ့။ ဒါပေမယ့် အခုအချိန်တော့ သူလုပ်တာ မှန်တယ်လို့ ထင်တဲ့ အတွက် ဘုန်းကြီးရှေ့ ထိုင်တဲ့ကိစ္စရော၊ ဘင်္ဂါလီကိစ္စရော သူ့မှာ ဘာမှ ပြန်ပြီး ရှင်းပြဖို့ အစီအစဉ် မရှိဘူး လို့ ကင်တားနားက ပြောသွားသတဲ့။

Related

news 6612178731722699587

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item