သက်ဆင်ရှင်နာဝပ်ကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်သည့် ဗီဒီယိုဖိုင် YouTube တွင် ထွက်ပေါ်




ဘန်ကောက်၊ ဇူလိုင် ၂၈

ပြည်ပြေးဘဝဖြင့် လက်ရှိ နေထိုင်လျက်ရှိသူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို သတ်ဖြတ်မည်ဟု YouTube တွင် ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာကြောင်း ဘန်ကောက်ပို့စ် သတင်းစာ က ရေးသား ဖော်ပြသည်။

အစ္စလာမ္မစ် အစွန်းရောက် အကြမ်းဖက်သမားများပုံစံ ဝတ်ဆင်ထားသူများ က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ဓာတ်ပုံကို ကိုင်ဆောင်ကာ ၂၀၀၄ ခုနှစ်က ထိုင်းတောင်ပိုင်းဒေသတွင် မွတ်ဆလင်များကို သတ်ဖြတ်ခဲ့မှု အတွက် ပြန်လည် လက်စားချေမည်ဟု ခြိမ်းခြောက် ပြောဆိုထားသည့် ဗီဒီယိုဖိုင်မှာ ဇူလိုင်လ ၂၇ ရက်နေ့က YouTube မှတစ်ဆင့် ပေါ်ထွက်လာ သည်။

“သက်ဆင်ရှင်နာဝပ်၊ ခင်ဗျားဟာ ထိုင်းတောင်ပိုင်း တက်ဘိုင်ပြည်နယ်မှာ ရှိတဲ့ ကျုပ်တို့ရဲ့ မွတ်ဆလင် ညီနောင်တွေကို သတ်ဖြတ်ပစ်ခဲ့တယ်။ ကျုပ်တို့ကလည်း ခင်ဗျားကို အချိန်မရွေး တွေ့အောင်ရှာပြီး အပြစ် စီရင်မယ်” ဟု အဆိုပါ ဗီဒီယိုဖိုင်တွင် မျက်နှာဖုံး ဝတ်ထားသူ အစ္စလာမ္မစ် တစ်ဦးက ပြောကြားသည်ကို တွေ့ရသည်။

အဆိုပါ ဗီဒီယိုဖိုင်ကို အစ္စလာမ္မစ်ဟု ယူဆရသူများက YouTube ပေါ်သို့ တင်ပြီးနောက် နာရီပိုင်း အကြာတွင် YouTube က ၎င်း၏ မူဝါဒနှင့် ဆန့်ကျင်သည်ဟုဆိုကာ ဖိုင်ကို ဖယ်ရှားပစ်လိုက်ကြောင်း၊ သို့သော် နောက်ထပ် နာရီပိုင်း အကြာတွင် အခြားသူ တစ်ဦး၏ အမည်ဖြင့် ထပ်မံ လွှင့်တင်ခဲ့ပြန် ကြောင်း The Nation သတင်းစာက ရေးသား ဖော်ပြ သည်။

သို့သော်လည်း ထပ်မံ လွှင့်တင်သည့် ယင်းဗီဒီယိုဖိုင်ကို YouTube ကပင် ဖယ်ရှားပေးလိုက်သည်။

အဆိုပါ ဗီဒီယိုဖိုင်နှင့် ပတ်သက်၍ ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူး ပါရာဒွန်းပတ် တာနာတာဘတ်က အတုအယောင် ပြုလုပ် ထားသည့် ဗီဒီယိုဖိုင်သာဖြစ်ပြီး ထိုင်းအစိုးရကို ဆန့်ကျင် ဆန္ဒပြမှုများ ပြုလုပ် လျက် ရှိသော မျက်နှာဖုံးဖြူဝတ် အင်အားစုများ၏ လက်ချက်သာ ဖြစ်သည် ဟု အတည်ပြု ပြောကြားသည်။

“အဲဒီ ဗီဒီယိုဖိုင်ကို ရိုက်ကူးတဲ့သူတွေက အာရပ်လူမျိုးနဲ့ တူပြီး အာရပ် စကား ပြောတတ်တဲ့သူတွေကို ငှားရမ်းခဲ့တာ။ ပြီးတော့ သေနတ်တွေ ကိုင်ခိုင်းပြီး ခြိမ်းခြောက်တာတွေ ပြောခိုင်းခဲ့တာပါ” ဟု မစ္စတာ ပါရာဒွန်းက ပြောကြားသည်။

“ဗီဒီယိုဖိုင်ထဲမှာ စကားပြောတဲ့သူရဲ့ အသံကို နားထောင်ရုံနဲ့ သူတို့ဟာ အယ်လ်ကေဒါအဖွဲ့က မဟုတ်မှန်း သိသာပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် အရှေ့အလယ်ပိုင်းဒေသ တွင် အချိန်ကာလ ကြာရှည်စွာ နေထိုင်ခဲ့ဖူးပြီး မွတ်ဆလင် မိတ်ဆွေ အပေါင်းအသင်းများစွာရှိကာ မွတ်ဆလင်များ အပေါ်တွင်လည်း စိတ်ကောင်း ထားရှိသူ တစ်ဦး ဖြစ်ကြောင်း၊ ယခု ဗီဒီယိုကြောင့် ၎င်း၏ လုံခြုံရေးအတွက် စိုးရိမ် ပူပန်စရာ မလိုအပ်ကြောင်း မစ္စတာ ပါရာဒွန်းက ဆက်လက် ပြောကြား သည်။

အဆိုပါ ဗီဒီယိုဖိုင်နှင့် ပတ်သက်၍ သက်ဆင်ရှင်နာဝပ်၏ နှမဖြစ်သူ လက်ရှိ ဝန်ကြီးချုပ် ယင်းလတ်ရှင် နာဝပ်ကို သတင်းထောက်များက မေးမြန်းရာ တစ်စုံတစ်ရာ ဖြေကြားမှု မပြုခဲ့ပေ။

Related

news 8521305073780356804

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item