U.S က ဓမ္မဝါဒီ အောင်မြေ မင်္ဂလာကျောင်း ဝါဆိုသင်္ကန်းကပ်လှူ

http://albanykarennews.blogspot.com/2013/07/us.html
ဓမ္မ၀ါဒီ အောင်မြေမင်္ဂလာကျောင်း စေတီတော်(ဓါတ်ပုံ-ကိုးဒီသွေး) |
ထို ဝါဆိုသင်္ကန်းကပ်လှူပွဲသို့ Albany မြို့ရှိ မြန်မာပြည်ဖွား တိုင်းရင်းသားများနှင့် အနီးနားရှိ Utica မြို့နှင့် Ithaca မြို့မှ တိုင်းရင်သားဗုဒ္ဓဘာသာများ သဒ္ဓါတရား ထက်သန်စွာ စည်ကား သိုက်မြိုက်စွာ သွားရောက် လှူဒါန်ခဲ့ကြတယ်လို့ သိရပါတယ်။
ဧည့်ပရိသတ်များမှ သံဃာတော်အရှင် သူမြတ်များကို ဆွမ်းဆက်ကပ် လှူဒါန်းပြီးနောက် တရားနာပရိသတ် များကို ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ ကျောင်းထိုင်ဆရာတော် ဦးဣဿရိယ ထံမှ ငါးပါးသီလခံယူကြပြီး ဧည့် ပရိသတ်များကသံဃာတော်များကို ဝါဆိုသင်္ကန်းဆက်ကပ်ခဲ့ကြတယ်လို့ သိရတယ်။
ဓမ္မဝါဒီ အောင်မြေမင်္ဂလာ ယောဂီများမှ ဓမ္မစကြာ ပါဠိတော်များကို ရွတ်ပွားကြပြီး ဓမ္မဝါဒီအောင်မြေ မင်္ဂလာ ကျောင်း ဂေါပက ဒုတိယ ဥက္ကဌ ဦးထွန်းထွန်းမှ ပရိသတ်များကို ကျေးဇူးတင်စကားပြောဆိုပြီး ဝါဆိုသင်္ကန်း ကပ်လှူပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တာပါ။
အမေရိကားက မြန်မာပြည်ဖွား ဗုဒ္ဓဘာသာတွေရဲ့ တန်ဘိုးထား ယုံကြည်လေးစားမှုကို မြင်တွေ့နိုင်ပါ တယ်။
သတင်း- ဧရာဝတီဘလော့ဂ်
Post a CommentDefault CommentsFacebook Comments