ထိုင်း-မြန်မာနယ်စပ်မှာ ရေကြီးနေ


 Tuesday, July 30, 2013

 အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ထိုင်းမြန်မာ နယ်စပ်တစ်လျောက်က သောင်ရင်းမြစ်မှာရေလျှံတက်လာပြီး မြစ်ကမ်း အနီးမှာရှိတဲ့ မြန်မာနိုင်ငံ မြ၀တီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တွေမှာ ရေကြီးမှု ဖြစ်နေတဲ့အတွက် နေအိမ်တွေနဲ့ စာသင်ကျောင်းတွေ ရေနှစ် မြုပ်ပြီး ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေဟာ ရေဘေးလွတ်ရာကိုထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

 ဇူလိုင် ၂၉ ရက် နေ့ က မြန်မာနိုင်ငံ မြ၀တီဖက်ခြမ်းမှာ ရေကြီးမှုကြောင့် ရေဘေးဒုက္ခရောက် နေကြတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ရေဘေး ဒုက္ခသည်တစ်ယောက်က အခုလို ပြောပါတယ်။

 ကျနော်တို့ မြ၀တီဘက်မှာဆိုရင် အမှတ်တစ် အလယ်တန်းကျောင်းပေါ့ ပိတ်သွားပြီ ကျန်တဲ့ မူလတန်းကျောင်း (၅)ကျောင်း (၆)ကျောင်းလောက်က ရေမြှုပ်နေတာပေါ့ ဒီနေ့က ဘယ်သူမှကျောင်းမသွားတော့အကုန်လုံး ကျောင်းကပိတ်ထားပေရတာပေါ့ ကြံခင်းပိုင်းတပိုင်းလုံးမြှုပ်တယ် (၂)ထောင်လောက်တော့ ရှိမယ် ထင်တာပဲ အိမ်အလုံးရေပေါင်းပေါ့၊ အခက်အခဲကတော့ လူတွေကတော့ နေစရာထိုင်စရာပေါ့ သွားရေးလာရေး ကအရမ်းခက်ပါတယ်။ 



မြန်မာနိုင်ငံတစ်ဖက်ခြမ်းက ထိုင်းနိုင်ငံ မဲဆောက်မြို့မှာလည်း မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေရဲ့ စာသင်ကျောင်းတွေနဲ့ မြေနှိမ့်ပိုင်း အတော် များများမှာ ရေတွေဝင်လာတဲ့အတွက် ထိုင်းစာသင်ကျောင်းတချို့နဲ့ SAW လို့ခေါ်တဲ့ မြန်မာ အထက်တန်းကျောင်း အပါအ၀င် ကျောင်းအတော်များများ ပိတ်ထားလိုက်ရတယ်လို့ သိရပါတယ်။

 ဒါ့အပြင် သောင်ရင်းမြစ်ကမ်းနဘေးမှာ နေထိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နေအိမ်တန်းလျားတွေမှာလည်း အိမ်ခေါင်မိုးလောက်ထိ ရေမြုပ်ခဲ့လို့ မနက်လင်းအားကြီးချိန် ကတည်းက ရေဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့လည်း သိရပါတယ်။ မဲဆောက်မြို့က မယ်တော်ရပ်ကွက်မှာရှိတဲ့ ဘုတ်ဖိုဘုန်းတော်ကြီးကျောင်း မှာတော့ ရေဘေးဒုက္ခရောက်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၀၀ ကျော် ခိုလှုံနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒီကျောင်းမှာ သတင်းသုံးနေတဲ့ ဦးဇင်းတစ်ပါးက အခုလို မိန့်ကြားပါတယ်။

 ကမ်းနားတလျောက် နေအိမ်တွေမှာ ရေကြီးလို့ ရေဘေးဒုက္ခနဲ့ကြုံတွေ့တဲ့ အခါကြတော့ လာရောက်တာပါ။ လူဦးရေကတော့ ကိုးရာ တစ်ထောင်လောက် တော့ရှိပါတယ်။ စက်ရုံလုပ်သားတွေလည်းပါတယ် ရပ်ကွက်နေသူတွေလည်းပါပါတယ်။

 ဇူလိုင် ၂၉ ရက်နေ့ညနေပိုင်းအထိ ရေပြန်မကျသေးပဲဖြစ်နေတဲ့အတွက် ရေဘေးဒုက္ခ သည်တွေ စားသောက်ဖို့ အကူအညီတွေ အရေးပေါ်လိုအပ်နေ တယ်လို့ သိရပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ဒေသမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေတဲ့အတွက် မြန်မာနိုင်ငံတွင်းမှာလည်း မိုးသည်းထန်မှုတွေ၊ ရေကြီးမှုတွေ ဖြစ်နေတဲ့အကြောင်း ရေဒီယိုသြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်/

ဒါ့ပြင် ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ကျုံဒိုးမြို့တွင် မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်း၊ မြစ်ရေများ ရေတိုး ခဲ့ပြီး လမ်းများ ရေကျော်၍ ကျုံဒိုးမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများ အသွားအလာ အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး လှေများ ဖြင့်သာ သွားလာ ခဲ့ကြရသည်။



ဇူလိုင် ၂၈ ရက်တွင် မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၏ အဓိကလမ်းမကြီး ကော့ကရိတ်-ကျုံဒိုး ကားလမ်းပေါ် တောင်ကျရေများ စီးဆင်းလာ၍ ဆိုင်ကယ်များ၊ ကားများနှင့် ကုန်တင် ယာဉ်ကြီးများ အသွားအလာ အခက်အခဲ ဖြစ်ပေါ်ခဲ့ပြီး ရေစီး သန်ခြင်းကြောင့် ဒိုင်နာယာဉ်နှင့် ၁၂ဘီး ယာဉ်ကြီးများ လမ်းဘေးသို့ ချော်ကာ တိမ်း မှောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

Related

news 4346860755013322230

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item