သံတွဲတွင် ရခိုင်အမျိုးသား တစ်ဦး လည်လှီး အသတ်ခံရ



ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် လယ်သမား တစ်ဦး ဇူလိုင်လ ၁၀ ရက်နေ့က လည်လှီး အသတ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

အသတ်ခံရသူမှာ သံတွဲမြို့နယ်၊ ရွှေလှေ သပြုချိုင်တောင်ပေါ် ကျေးရွာနေ ဦးစံဖေ၏သား ၀င်းမြင့် (ခ)ညီလေး (၃၈)နှစ် ဖြစ်သည်။

ယခု သတ်ဖြတ်မူသည် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရမှ ရခိုင်ပြည်နယ် အတွင်း လူမူပြဿနာများ အဆုံးသတ်ရန် ခိုင်မာသော သံန္နိဌာန်ချထားပါကြောင်း ထုတ်ဖေါ် ပြောဆိုပြီး နောက်တစ်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ အသတ်ခံရမူနှင့် ပတ်သက်ပြီး  ရခိုင် လူမူကွန်ယက် (သံတွဲ)မှ ကိုစိန်ချစ်က အထူး လူမဆန်သော လုပ်ရပ် ဖြစ်ကြောင်း ပြောသည်။

“ အသတ်ခံရတာက ဇူလိုင်လ ၉ ရက်နေ့ ညဉ့်နဲ့ ၁၀ ရက်နေ့ နံနက်မတိုင်မီ  အသတ်ခံရတာလို့ ခန့််မှန်းရပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့ မနက်စောစောပိုင်း ၆ နာရီလောက်မှ သူရဲ့ အဒေါ် ဒေါ်ခင်ညိုက မျိုးစပါး သွားပို့တဲ့ခါ ကျနော်တို့ အခေါ် ဒေးဗစ်ချန်း (ကိုဝင်းမြင့်)ကို လည်ပင်း အလှီးခံရပြီး  သေနေတာကို တွေ့ရတယ်လို့ သိရပါတယ်” ဟု ဆိုသည်။

ကိုဝင်းမြင့်မှာ လက်တဖက် ပြတ်နေသူ ဖြစ်ပြီး ပတ်ဝန်းကျင်တွင်လည်း တစ်စုံ တစ်ဦးနှင့်မျှ ပြဿနာ မရှိဟုသူက ဆိုသည်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်မှာ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၆ နာရီတွင် သံတွဲမြို့နယ် သပြုချိုင်တောင်ပေါ် ကျေးရွာနေ ဒေါ်ခင်ခင်ညို (၅၂) နှစ်မှ သူမ၏ သူတော်စပ်သူ ၀င်းမြင်း (ခ) ညီလေးရှိရာ သပြုချိုင်တောင်ပေါ်ကျေးရွာ၊ အောက်နတ်မော် ကျေးရွာအုပ်စု နေသူ၏လယ်တဲသို့ မျိုးစပါးအထုပ် ပို့ရန်ရောက်သွားရောက်ခဲ့ရာ ၀င်းမြင့်မှာ လည်ပင်း ပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ဆိုသည်။

ယခုအခါ မူဆလင် (၃) ဦးအား အမူနှင့် ဆက်စပ်ပြီး မသင်္ကာသဖြင့် ဖမ်းဆီးကာ စစ်ဆေးနေသည်ဟု ကိုစိန်ချစ်က ပြောသည်။ ဖုံးလိုင်း မကောင်းသဖြင့် သံတွဲ ရဲစခန်းသို့ ဆက်သွယ် မေးမြန်းသော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

(ရခိုင်ပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ အဆိုပါ မူခင်းနှင့် ပတ်သက်ပြီး သတင်းမှန်အား ပြည်သူအများသိရှိနိုင်ရန် ယခုလို ထုတ်ပြန်ထားသည်။ )

သံတွဲမြို့နယ်၊ သပြုချိုင်ကျေးရွာသားတစ်ယောက် အသတ်ခံရခြင်း´နှင့် ပတ်သက်ပြီး စိစစ်ခဲ့ရာ အောက်ပါအတိုင်းသိရှိရပါသည်-

(က) ၁၀-၇-၂၀၁၃ ရက်နေ့ ၀၆၀၀ နာရီတွင် သံတွဲမြို့နယ်၊ သပြုချိုင်တောင်ပေါ် ကျေးရွာနေ ဒေါ်ခင်ခင်ညို (၅၂)နှစ် (ဘ)ဦးငညို၊ ၁၁/သတန(နိုင်)၀၈၀၇၉၂ ရခိုင်/ဗုဒ္ဓ¨ဘာသာ၊လယ်လုပ်၊ သပြုချိုင်တောင်ပေါ်ကျေးရွာ၊ အောက်နတ်မော်အုပ်စု၊ သံတွဲမြို့နယ်နေသူမှ သပြုချိုင်တောင်ပေါ်ကျေးရွာတောင်ဘက် ကွင်းမကြီး လယ်ပြင်ရှိ တူတော်စပ်သူ ၀င်းမြင့်(ခ)ညီလေး (၃၈)နှစ် (ဘ)ဦးစံဖေ၊ ရခိုင်/ဗုဒ္ဓ¨ဘာသာ၊ လယ်လုပ်၊ သပြုချိုင်တောင်ပေါ်ကျေးရွာ၊ အောက်နတ်မော် ကျေးရွာအုပ်စု၊ သံတွဲမြို့နယ်နေသူ၏လယ်တဲသို့ မျိုးစပါးအထုပ် ပို့ရန်ရောက်ရှိခဲ့ ကြောင်း။

(ခ) ၄င်းတဲအတွင်းကွပ်ပျစ်ပေါ်တွင် ၀င်းမြင့်မှာ လည်ပင်းပြတ်ရှဒဏ်ရာ (၁)ချက် ဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ၀င်းမြင့်အားသတ်သွားသူကို စုံစမ်းဖော်ထုတ် အရေးယူပေးရန် ဒေါ်ခင်ခင်ညိုမှ ၁၀-၇-၂၀၁၃ ရက်နေ့ ၁၉၄၅ အချိန် ရွှေလှေ ရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ကြောင်း။

(ဂ) ရွှေလှေရဲစခန်းမှ စခန်းမှူး ရဲအုပ် တင်မောင်လွင်မှ(ပ)၂၀/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ အရအမှုဖွင့်အရေးယူစစ်ဆေးလျက်ရှိပြီး တရားခံအားဖမ်းဆီးနိုင်ရေးအတွက်သံတွဲ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှစုံစမ်းစစ်ဖော်ထုတ်လျက်ရှိကြောင်း ဖေါ်ပြသည်။

( ဤ ရခိုင်ပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အား Coral Arakan မှ ကူးယူ ဖေါ်ပြပါသည်။)

နိရဉ္စရာ သတင်းဌာန

Related

news 4714426271531782684

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item