ကရင်အမျိုးသားရိုးရာချည်ဖြူဖွဲ့မင်္ဂလာ ဖြစ်ပေါ်လာပုံအကြောင်း
ယနေ့ကျွန်တော်တို့ကရင်အမျိုးသားသက္ကရာဇ်(၂၇.......)ခုနှစ်၊၀ါခေါင်လပြည့်နေ့မှာကရင်အမျိုးသားများစုပေါင်းကျင်းပတဲ့ ကရင်အမျိုးသားရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအကြောင်းကိုတင်ပြရမယ်ဆိုရင်ဖြင့် -
                သမိုင်းသုတေသီများရဲ့အဆိုအရ ကျွန်တော်တို့ကရင်လူမျိုးများသည် BC-2234 ခုနှစ်၊  မြစ်နှစ်မွှာမြစ်ဝှမ်း  ဘေဘီလုံနိုင်ငံကစပြီးရေကြည်ရာမြက်နုရာဒေသများကိုရှာဖွေလုပ်ကိုင်  နေထိုင် ကြရင်း မွန်ဂိုရီးယား၊ တာဂျစ္စတန်၊ တိဗက်၊ ယူနန်အစရှိတဲ့ နိုင်ငံတွေမှာဖြတ်သန်းနေထိုင်လာခဲ့ကြ ပါတယ်လို့ အဆိုရှိခဲ့ပါတယ်။ ယူနန်ပြည်နယ်ကနေပြီး BC- 1125 မှာ   မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ ကြတဲ့ပထမဦးဆုံးအသုတ်ဖြစ်တယ်လို့ဆိုကြပါတယ်။
 အချို့က ကရင်လူမျိုးတွေယူနန်ပြည်နယ်ကနေ BC-741 ခုနှစ်မှာစတင်ထွက်ခွါလာပြီး၊လမ်းခရီးမှာ (၂)နှစ်ကြာခဲ့ပါတယ်။ ဒါကြောင့် BC-739 ခုနှစ်မှာ မြန်မာနိုင်ငံကိုနောက်ဆုံးအသုတ်အဖြစ် ရောက်ရှိလာခဲ့ပါတယ်။
        ကျွန်တော်တို့ မိုးထိတ်၊ဖထိတ် ကရင်လူမျိုးဟာဘေဘီလုံကနေ စတင်ထွက်ခွါလာပြီး လမ်းခရီးမှာနှစ်ပေါင်းများစွာအခက်အခဲပေါင်းစုံဒုက္ခပေါင်းစုံနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဥပမာမွန်ဂိုးရီးယားကုန်းပြင်မြင့် အလွန်၊ ပေလေလွင်ပြင်(ခေါ်) ကိုဘီသဲန္တရကိုဖြတ်သန်းနေထိုင်ကြရင်းသဲမုန်တိုင်းရဲ့ တိုက်ခတ်ဖုံးလွှမ်းမှုကြောင့် မြောက်များစွာသေကြေပျက်စီးခဲ့ကြရတယ်လို့ထား၊ ကဗျာ၊တဘောင် တွေမှာတွေ့ရှိရပါတယ်။ 
ယင်းသဲန္တရလွင်ပြင်ကိုဖြတ်ကျော်ရင်းကုန်းမြင့်ပိုင်းမှ မိုးရေတိုက်စားစီးဆင်း မှုကြောင့် သဲပူနှုန်းများစီးဆင်းသည့် သဲနှုန်းချောင်း(ထီ့ဆေမေယွာ)ကို ဖြတ်ကျော်ခဲ့ရပါတယ်။  ယင်းသဲနှုန်းမှစီးကျလာသည့် ရေရဲ့အပူချိန်မှာညောင်ရွက်ကိုပစ်ချရင်ညောင်ရွက်ပါနူးသွားတယ်လို့ အရှေ့ပိုးကရင်ထားကဗျာတစ်ခုမှာဆိုထားပါတယ်။ ယင်းချောင်းဟာထီ့ဆေမေယွာ(ခေါ်)္ဘီကျင် ကါင်းခေါႜဟ် ပဲ ဖြစ်ပါတယ်။
                ထိုသို့ အခက်အခဲမျိုးစုံကြားမှ ရွှေ့ပြောင်းနေထိုင်ကြရင်းတောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ လေမုန်တိုင်းသဲမုန်တိုင်းရဲ့ တိုက်ခတ်ဖုံးလွှမ်းခြင်း၊ ရေခဲတောင်ပြိုကျပြီးရေ လွှမ်းမိုးနစ်မြုပ်သေကြေပျက်စီးခဲ့ရခြင်းစတဲ့ဒုက္ခတွေလည်းအကြိမ်ကြိမ်ကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့်  ကရင်တွေဟာသဘာဝရဲ့ဘေးန္တရာယ်တွေကိုမကောင်းဆိုးဝါးတွေ ပြုစားတယ်လို့ ထင်မြင်ယူဆကြ ပြီး မကောင်းဆိုးဝါးဘေးမှ လွှတ်မြောက်အောင် နည်းမျိုးစုံနဲ့ပူဇော်ပသမှု၊ နတ်စားနတ်ကျွေးတာတွေ  ပြုလုပ်လာခဲ့ကြပါတယ်။
တစ်ချို့မှာထိတ်လန့်ကြောက်ရွံ့ပြီးရူးသွပ်သွားတာတွေကို မကောင်းဆိုးဝါး ၀င်ပူးတယ်လို့ ယူဆပြီးလိပ်ပြာဝိဥာည်မလွှင့်အောင် လိပ်ပြာခေါ်လေ့ခေါ်ထရှိကြပါတယ်။  မကောင်း ဆိုးဝါးတွေရဲ့လိပ်ပြာကိုမောင်းထုတ်ပြီးကိုယ့်လိပ်ပြာမလွှင့်အောင် ၊ဆံဖြူခါးကုန်းသည့်တိုင် ကိုယ်နှင့်  မခွါအမြဲနေနိုင်အောင် ချည်ဖြူလက်ဖွဲ့ကိုလက်မှာချည်နှောင်ပေးကြသည့်ဓလေ့ ရှိခဲ့ပါတယ်။
နောက်တစ်ချက်ကတော့ -
အများအားဖြင့် ၀ါခေါင်လမှာ  ရေကြီးလေ့ကြီးထရှိပါတယ်။ အဲဒီအချိန်မှာစပါးကလည်းမပေါ်သေး ဆန်ကလည်းနည်း ၊  ထမင်းစားတာကလည်း  ပုံမှန်ထက်ပိုကုန်လာတာကို မကောင်းဆိုးဝါးဝင်ပူးကပ်
တယ်လို့ ယူဆပြီးလိပ်ပြာခေါ်လေ့ရှိပါတယ်။  သို့ သော် မိသားစုအလိုက်၊   အိမ်ထောင်စုအလိုက်သာ
လိပ် ပြာခေါ်ကြပါတယ်။အထက်ပါဆိုခဲ့တဲ့   ၀ိဥာည်လိပ်ပြာခေါ် ချည်ဖြူဖွဲ့တဲ့ ကျွန်တော်တို့ ကရင် လူမျိုးများရဲ့ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာအရဆင်းသက်လာခဲ့သည့် လမ်းတစ်လျှောက်လုံး ကျင့်သုံးလာခဲ့ခြင်းဖြစ်ပါတယ်။
နေပါသည်။ ချည်ဖြူဖွဲ့ ခြင်း (၇) မျိုးရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ ကရင်လူမျိုးများ၏  ယူနန်
ပြည်နယ်သို့ ရောက်ရှိလာပြီး  နှစ်ပေါင်းအတော်ကြာနေထိုင်လာခဲ့ ပြီးမှ လူဦးရေများပြားလာပြီး   လုပ်
ကိုင်စားသောက်ရန်  အကျပ်အတည်းတွေ့ ရှိလာသည့်အတွက်ကြောင့်  ကရင်လူမျိုးများ၏  ဖခင်(၀ါ)
ကရင်လူမျိုးများ၏ ခေါင်းဆောင် ဖူ့ ထော့မဲပါနှင့် အပေါင်းအပါ (၉)ဦးတို့ က စုဝေးတိုင်ပင်ကြပြီး၊  တို့ 
တတွေလူစုခွဲပြီး  နယ်သစ်မြေသစ်ရှာဖွေရန်အချိန်အခါရောက်လာပြီးဖြစ်သည့်အတွက်ကြောင့်၊နောင်
တချိန်တခါ ပြန်လည်တွေ့ ဆုံကြရင် မှတ်မိမှတ်သားနိုင်အောင် လက်ကောက်ဝတ်မှာချည်ဖြူတွေ့ ရင်
အဲဒါတို့ ကရင်တွေပဲဆို ပြီးမထွက်ခွာမှီ  ယခုလပြည့်နေ့ မှာ ရှိရှိသမျှမိသားစုများစုံစုံလင်လင်နဲ့    လာ
ရောက်ကြပြီး စုပေါင်းလက်ချည်ပွဲကျင်းပခဲ့ပါတယ်။ အဲဒီမှာခေါင်းဆောင်( ၉ ) ဦးကနေပြီး စကားပမာ
နှိုင်းပြပြီး ၊ အဓိပ္ပါယ်ရှိတဲ့ ပစ္စည်း(၉)မျိုးနဲ့သားသမီးများကိုခိုင်းနှိုင်းပြပြီးသက်သေပြုသစ္စာဆိုခဲ့ကြပါ တယ်လို့ ထားကဗျာမှာလည်းဆိုထားပါတယ်။
ကရင်လူမျိုးများရဲ့ (၉)အုပ်စုခေါင်းဆောင်များကတော့-
(၁) ဖူ့ထော်မဲပါ
(၂) ဖူ့ကဆောင့်မဲပါ
(၃) ဖူ့တခေတ်
(၄) ဖူ့ကျာပွန်
(၅) ဖူ့လယောင်ဟယ့်
(၆) ဖူ့မောင်ထော့
(၇) ဖူ့ဖါသိန့်
(၈)ဖူ့ကတုံး
(၉) ဖူ့ဖါ့သူလောင့်
                        စတာတွေပဲဖြစ်တယ်။
အဲဒီကအစခေါင်းဆောင်(၉)ဦးဟာအုပ်စု(၉)အုပ်စုခွဲပြီး မြစ်ကြောင်းကိုးသွယ်နဲ့ ယူနန် မှ စတင်ထွက်ခွါလာကြောင်းသမိုင်းမှဆိုထားပါတယ်။  ဒါကြောင့် ကျွန်တော်တို့ ကရင်တို့ကရင် လူမျိုးများမှာယူနန်ပြည်နယ်ကစပြီးမြစ်ကြောင်းကိုးသွယ်ဖြင့် စုန်ဆင်းလာခဲ့ရာမြန်မာနိုင်ငံအပါ အ၀င်ထိုင်း၊လာအို၊ကမ္ဘောဒီယား ဗီယက်နမ်တို့အပြင်အရှေ့တောင်အာရှ၊ အင်ဒိုချိုင်းနား ကျွန်းဆွယ် စူမာတြား၊ ဂျာဗား၊ဘော်နီယိုအထိပျံ့နှံ့နေထိုင်လာခဲ့ကြပါတယ်။ မြေမျက်နှာ သွင်ပြင်နဲ့ ပထ၀ီရေမြေအနေအထားကြောင့် ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ထုံးတမ်းများ အနည်းငယ်ခြားနား ကြကြောင်းတွေ့ရှိရမှာဖြစ်ပါတယ်။
        ယူနန်မှာအစပျိုးခဲ့တဲ့ ဒီဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာကိုတော့ ကရင်အမျိုးသားတိုင်း ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ပြီးလျစ်လျူရှုထားမမေ့သင့်ကြောင်း၊    မိမိရောက်ရှိနေတဲ့ တိုင်းတစ်ပါးမှာလည်းစည်းလုံးညီညွတ်စွာ ပြုလုပ်သင့်ကြောင်းမေတ္တာရပ်ခံအပ်ပါတယ်။
Related
article 2846118758664364042
Post a CommentDefault Comments
emo-but-icon
သတင်းနှင့်ဘလော့ဆိုက်များ
ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ
အများဆုံးဖတ်သောသတင်းများ
ဆက်သွယ်ရန်
Name
Email *
Message *
နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။
လွတ်လတ်စွာဆွေးနွေးရန်
မှတ်ချက်ပေးထားသောသူများ
Recent Comments Widget
item