မိတ္ထီလာအရေးအခင်း၏ နောက်ဆုံးရသတင်း

မွတ်ဆလင်ပိုင်တဲ့ ရွှေဆိုင်ကနေ စတင်လိုက်တဲ့ မိတ္ထီလာ ပဋိပက္ခမှာ အခု နောက်ဆုံး သတင်းတွေအရ အနည်းဆုံး ၁၀ ဦး သေဆုံး သွားပြီး သေသူအားလုံးဟာ မွတ်ဆလင်တွေ ဖြစ်တယ်လို့ ဘီဘီစီက စုံစမ်း သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက်နေကြပေမယ့် အတွေ့အကြုံလည်း မရှိ၊ လေ့ကျင့်ထားတာမျိုးလည်း မဟုတ်တဲ့အတွက် ထိရောက်အောင် မဆောင်ရွက်နိုင်ဘူးလို့လည်း ဝေဖန်သံတွေ ထွက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရဲတပ်ဖွဲ့အင်အားကို အထိရောက်ဆုံး အသုံးချဖို့အတွက် ညွှန်ကြားချက် ပေးထားတယ်လို့လည်း မိတ္ထီလာအမတ် ဦးဝင်းထိန်က ဘီဘီစီက ပြောပါတယ်။

မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်လည်း မိတ္ထီလာအရေးကို ကိုင်တွယ် ဆောင်ရွက်ဖို့ ရောက်ရှိနေပြီး၊ ၀န်ကြီးချုပ်က မနေ့က ဖြစ်ခဲ့တဲ့ ကိစ္စအတွက် စုံစမ်းဖော်ထုတ်ဖို့ စုံစမ်းရေး အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ မိတ္ထီလာပဋိပက္ခကို ပြေလည် ငြိမ်းချမ်းသွားအောင် သံဃာတော်တွေက ထိန်းသိမ်း ဆောင်ရွက်နေကြပေမယ့် သံဃာတချို့ကတော့ ပိုဆိုးအောင် လှုံ့ဆော်နေတာတွေလည်း ရှိတယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။

 ပြည့်စုံတဲ့ မွတ်ဆလင်တွေကတော့ စောစောပိုင်းကပဲ မြို့ကနေ ခွာရှောင် သွားပြီး ဖြစ်ပေမယ့် ဆင်းရဲတဲ့ မွတ်ဆလင် မိသားစုတွေတချို့တော့ မြို့မှာ ရှိနေဆဲ ဖြစ်ပါတယ်။ မိတ္ထီလာမြို့မှာ မြို့နေ လူဦးရေ စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းဟာ မွတ်ဆလင်တွေ ဖြစ်တယ်လို့ မိတ္ထီလာအမတ် ဦးဝင်းထိန်က ပြောပါတယ်။ မနေ့ညကစလို့ မိတ္ထီလာမြို့မှာ အရေးပေါ် အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားပါတယ်။

ဗလီထဲဆွဲသွင်းခံရပြီး အက်ဆစ်နဲ့ရော ဓါတ်ဆီနဲ့ပါလောင်းပြီး မီးရှို့ခံရတဲ့ သတင်းကို
ဒီနေရာမှာနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

Related

news 4158267807898001646

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item