တရုတ်နှစ်သစ်ကူးဂီတပွဲ ဖျက်သိမ်းရန် PSY ကို မလေးရှားပရိသတ် တိုက်တွန်း

မလေးရှားနိုင်ငံတွင် လာရောက်သီဆိုမည့် တရုတ်နှစ်သစ်ကူးကာလ ဂီတဖျော်ဖြေပွဲ အစီအစဉ်ကို ဖျက်သိမ်းရန် ကိုရီးယားရက်ပ်အဆိုတော် PSY အား ၎င်း၏ မလေးရှားပရိသတ်များက Facebook မှတစ်ဆင့် တိုက်တွန်းတောင်းဆိုမှုများ ပြုလုပ်လျက်ရှိသည်။ 

Gangnam Style သီချင်းဗီဒီယိုနှင့်အတူ ကမ္ဘာကျော်ဖြစ်လာသည့် PSY ကို မလေးရှားတွင်လည်း နှစ်ခြိုက်အားပေးကြသည်။ အထူးသဖြင့် PSY ၏ သီချင်းနှင့်အကဟန်မှာ မလေးရှားလူငယ်ထုကြား ရေပန်းစားလျက်ရှိသည်။ 



သို့သော် တရုတ်နှစ်သစ်ကူးကာလ အထိမ်းအမှတ်အဖြစ် ပီနန်တွင် ပြုလုပ်မည့် ဂီတဖျော်ဖြေပွဲကို မလေးရှားအာဏာရပါတီ Barisan Nasional (BN) က စီစဉ်ခြင်းဖြစ်ရာ PSY ပရိသတ်များက ထိုအချက်ကို လက်မခံနိုင်ကြချေ။ 

Facebook စာမျက်နှာတွင် PSY အား မလေးရှားဂီတဖျော်ဖြေပွဲကို ဖျက်သိမ်းရန် တိုက်တွန်းရာ၌ PSY ၏ သီချင်းနှင့်အကကို အားပေးနှစ်သက်ကြောင်း၊ သို့သော် BN ၏ နိုင်ငံရေးအသုံးချခံ မဖြစ်စေလိုကြောင်း၊ ထိုပါတီက စီစဉ်သည့် ဂီတဖျော်ဖြေပွဲကို ငြင်းပယ်ပြီး မလေးရှားသို့ လာရောက်ခြင်းမပြုရန် စသဖြင့် မလေးရှားပရိသတ်များက ရေးသားဖော်ပြကြသည်။

PSY ၏ တရားဝင် Facebook page တွင် BN ပါတီစီစဉ်မှုအတိုင်း မလေးရှားသို့ လာရောက် သီဆိုဖျော်ဖြေခြင်း မပြုရန် မလေးရှားပရိသတ်များက ထောင်နှင့်ချီသော comment များ ဝင်ရောက်ရေးသားထားကြသည်။ PSY ၏ ဂီတဖျော်ဖြေပွဲကို ပီနန်တွင် တရုတ်နှစ်သစ်ကူးကာလအတွင်း လာမည့် ဖေဖေါ်ဝါရီ ၁၁ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။ 


BN ပါတီ၏ လူငယ်ရေးရာ အကြီးအကဲကလည်း ဂီတဖျော်ဖြေပွဲကို စီစဉ်ကျင်းပခြင်းမှာ လူငယ်မဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်ရန်အတွက်ဖြစ်ကြောင်း ဝန်ခံပြောကြားထားသည်။ လက်ရှိ အာဏာရပါတီ Barisan Nasional ၏ အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှု သတင်းများမှာ မလေးရှားပြည်သူများကြား ပျံ့နှံ့ထွက်ပေါ်နေကြောင်း သိရသည်။

Source: Aljazeera

- PSY ၏ တရားဝင် Faecbook စာမျက်နှာ

Related

news 6179012100652437865

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item