သတင်းထောက်ချုပ်အား ဇေကမ္ဘာမှ တရားစွဲဆိုထားမှုအပေါ် Hot News က ဥပဒေနှင့်အညီ ရင်ဆိုင်မည်

လယ်သမားတွေကသာ သေရင်ယူမသွားနိုင်ကြတဲ့ သူတို့လယ်တွေကို မက်မောနေကြတယ်လို့ ပြောတဲ့ မသမာနည်းနဲ့ ကြီးပွားလာသူ ဦးခင်ရွှေ


ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၁၃။

Hot News ဂျာနယ်တိုက်မှ သတင်းထောက်ချုပ် ကိုစိုးဝင်းနိုင်အား ဇေကမ္ဘာဦးခင်ရွှေက တရားမမှုဖြင့်
တရားစွဲဆိုထားမှုကို တရားဥပဒေနှင့်အညီ ရင်ဆိုင်တုန့်ပြန်သွားမည်ဖြစ်ကြောင်း Hot News အယ်ဒီတာ
အဖွဲ့ထံမှ သိရသည်။

၂၀၁၂ ဖေဖော်ဝါရီလထုတ် Hot News ဂျာနယ်ပါ ‘ဘုရားဝတ္တကမြေပါဝင်လို့ ဇေကမ္ဘာအား တရားစွဲဆို’
ဟူသည့် သတင်းရေးသားသူ ကိုစိုးဝင်းနိုင်အားဇေကမ္ဘာဦးခင်ရွှေက ယင်း၏ ဂုဏ်သရေညှိုးနွမ်းစေမှု ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်စက်မှုဇုန် အပိုင်း ၃ တွင် ပါဝင်သော ဒက္ခိဏာရုံဘုန်းကြီးကျောင်းနှင့် ပတ်သတ်၍ ‘ဗုဒ္ဓသာသနာ ညှိုးနွမ်းပျက်ဆီးစေ၍ ကျူးကျော်မှုများပြုလုပ်သူ’ ဟု ဆိုကာလူထုစွမ်းအားအဖွဲ့ချုပ် PPL မှ ဦးသိန်းလွင်ဦးက ဇေကမ္ဘာဦးခင်ရွှေအား မင်္ဂလာဒုံမြို့နယ် တရားရုံး၌ ၁၀.၉.၂၀၁၂
ရက်တွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ကြောင်း၊၂၁ရက်တွင် PPL မှ ဦးဆောင်၍ ပုဇွန်တောင်မြို့နယ်ရှိ စင်ကာပူကျောင်းတိုက်၌ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး ယင်းပွဲတွင် ရှင်းလင်း ပြောကြားခဲ့သည်များကို ကိုစိုးဝင်းနိုင်က ပြန်လည်ရေးသားခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။

မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် ဦးသိန်းလွင်ဦး လျှောက်ထားသော
ပြစ်မှုကြီး အမှတ် -၁၀၅၂/၂၀၁၂ အမှုကို မြို့နယ် တရားရုံးမှ လုပ်ထုံးလုပ်နည်းနှင့်အညီ စုံစမ်းစစ်ဆေးနေစဉ် ကာလဖြစ်ပြီး ဦးတိုက် လျှောက်ထားမှုအပေါ် တရားရုံးက အမိန့်တစ်စုံတစ်ရာ ချမှတ်ခြင်းမပြုမီ ရေးသားခဲ့သည့်အတွက် ဦးခင်ရွှေ၏ ကိုယ်စိတ်
ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ ယင်း၏ ကိုယ်စိတ်ဂုဏ်သရေ နစ်နာမှုကို ကုစားနိုင် ရန်အတွက် တရားပြိုင်နှစ်ဦးဖြစ်သော ဦးသိန်းလွင်ဦးနှင့် ကိုစိုးဝင်းနိုင်ထံမှ နစ်နာမှုလျော်ကြေး ငွေကျပ် သိန်းပေါင်းနှစ်ထောင် ပေးစေလိုကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး၏ ငြင်းချက်ထုတ်
သမ္ဗာန်စာအရ သိရသည်။

Hot News ဂျာနယ်မှ အယ်ဒီတာအဖွဲ့က မိမိတို့သတင်းထောက်ရေးသည့် သတင်းကို စိစစ်ပြီးမှ ဖော်ပြခဲ့ခြင်းကြောင့်သတင်းပါ အချက်အလက်များအား တာဝန်ယူကြောင်း၊
သတင်းရေးသားသူ ကိုစိုးဝင်းနိုင်မှ လည်းကောင်း၊ သတင်းဖော်ပြခဲ့သော Hot News ဂျာနယ်တိုက်မှ မိမိသတင်းထောက်၏ သတင်းဖော်ပြ မှန်ကန်မှုအပေါ် စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ
ရပ်တည်မှုအရ လည်းကောင်း ဖြစ်ပေါ်လာသော ပြဿနာများအား တရားဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းတုန့်ပြန်သွားမည် ဖြစ်ကြောင်းHot News ဂျာနယ်မှ ထုတ်ပြန်ခဲ့သော သဘောထား ရပ်တည်ချက်အရ သိရသည်။


News from:The Myanma Age

Related

news 5236146230803880592

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item