နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲစဉ် အင်္ဂလန် ၂ - ၁ ဘရာဇီးလ် (Goal and Match Highlights)
http://albanykarennews.blogspot.com/2013/02/goal-and-match-highlights.html
လမ်းပတ်ကြောင့် ၀င်ဘလေမှာ ဘရာဇီးကို အင်္ဂလန် အနိုင်ရ
အက်ဖ်အေနှစ်(၁၅၀)ပြည့် အထိန်းအမှတ် အဖြစ် ကစားတဲ့ အင်္ဂလန်နဲ့ ဘရာဇီးတို့ရဲ့ ပွဲစဉ်မှာ လမ်းပတ်ရဲ့သွင်းဂိုးကြောင့်အင်္ဂလန်တို့ (၂၃)နှစ်အတွင်း ဘရာဇီးကို ပထမဆုံးနိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲမစခင်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ဘော်ဘီမိုး သေဆုံးခြင်း နှစ်၂၀ပြည့်အတွက်၊မြူးနစ်လေယာဉ် ပျက်ကျမှု၅၅နှစ်ပြည့် အတွက် တစ်မိနစ် ၀မ်းနည်းငြိမ်သက်ခဲ့ကြပါတယ်။
ဘရာဇီးအတွက် ရော်နယ်ဒင်ဟိုပြန်ပါဝင် လာခဲ့ပြီး နေမာ၊ အော်စကာတို့ရဲ့ လှုပ်အားတွေနဲ့ အင်္ဂလန်ဘက်ကို ထိုးဖောက်ဖို့ကြိုးစားခဲ့ပေမယ့် ရော်နယ်ဒင်ဟိုခြေစွမ်းပျောက်ခဲ့ပြီး နေမာကလည်း ထင်သလောက် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ ပွဲချိန် အစပိုင်းမှာတော့ ဘရာဇီးတို့ အင်္ဂလန်ကို အသာစီး ရယူနိုင်ခဲ့သလို အင်္ဂလန် ကတော့ ရွန်နီတစ်ဦးတည်းကို အထောင်ထားပြီး ၀ဲလ်ကော့၊ ၀ဲလ်ဘတ်တို့ရဲ့ တောင်ပံတွေကို အားပြုကစားသွားခဲ့ပါတယ်။ ပွဲချိန် ၁၁မိနစ်မှာ ဂျရတ်ရဲ့ ထောင့်ကန်ဘောကနေ ရွန်နီမြေထောက်ဘော ခေါင်းတိုက်ခဲ့ပေမယ့် ဆီဆာ ပုတ်ထုတ်ကာကွယ်ခဲ့ပြီး ကွင်းလယ်ဒိုင်ကတော့ ရွန်နီခေါင်းတိုက်ဖို့ ကြိုးစားရမှာ တွန်းခဲ့တယ်ဆိုပြီးပြစ်ဒဏ်ဘော သတ်မှတ်ခဲ့ပါတယ်။
အဲဒီ့နောက် ၃မိနစ်အကြာမှာ ညာတောင်ပံကနေ နေမာရဲ့ ပြေးလမ်းကြောင်းထဲ ချပေးလိုက်တဲ့ ဘောလုံးကို ကာဟေးလ် လျှောထိုး ဖျက်ထုတ်ခဲ့ရပါတယ်။ (၁၈)မိနစ် အရောက်မှာတော့ ဧရိယာထဲမှာ ၀ီလ်ရှီးယား လက်ထိခဲ့တဲ့အတွက် အင်္ဂလန်တို့ ပင်နယ်တီပေးခဲ့ရပြီး ဒီပင်နယ်တီကို ရော်နယ်ဒင်ဟို ကန်သွင်းရာမှာ ဂျိုးဟတ် ပုတ်ထုတ်နိုင်ခဲ့သလို ထပ်ဆင့်ပိတ်သွင်းမှုကိုလည်း အကောင်းဆုံး ကာကွယ်သွားနိုင် ခဲ့ပါတယ်။
အဲ့ဒီနောက်မှာ ၀ဲလ်ဘတ် ဘက်ခြမ်းကနေ ကန်ခွင့်ရခဲ့ပေမယ့် သူ့ရဲ့ကန်ချက်က အပေါ်ထောင်သွားခဲ့ပြီး ပွဲချိန်(၂၆)မိနစ် အရောက်မှာတော့ အင်္ဂလန်တို့ အဖွင့်ဂိုးရခဲ့ပါတယ်။ ၀ီလ်ရှီးယား ဖန်တီးပေးတဲ့ ဘောလုံးကို ၀ဲလ်ကော့ ကန်သွင်းခဲ့ရာမှာ ဆီဆာ ကာကွယ်နိုင်ခဲ့ပြီး ပြန်ထွက်လာတဲ့ဘောလုံး ကိုတော့ ရွန်နီက နောက်ခံလူတွေ ရှုပ်ယှက် ခတ်နေတဲ့ ကြားက ကန်သွင်းယူသွားခဲ့တာပါ။
အဲ့ဒီနောက်မှာ အင်္ဂလန်တို့ တိုက်စစ်ပိုဆင် လာနိုင်ခဲ့ပြီး ကွင်းလယ်မှာ ၀ီလ်ရှီးယား အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်းမှာ အော်စကာရဲ့ ဖန်တီးမှုကို နေမာပြေးဝင်ပိတ်သွင်းခဲ့ပေမယ့် အံ့အားသင့်စရာကောင်းအောင် လွဲချော်သွားလို့ ဘရာဇီးတို့ နစ်နာခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ဖေဘီယာနို၊ ရာမီရက်ဇ်၊ ရော်နယ်ဒင်ဟိုတို့နေရာမှာ ဖရက်ဒ်၊ အရူကာ၊ မိုရာ တို့နဲ့ လူစားလဲခဲ့တာ ဘရာဇီးတို့ ချေပဂိုးရခဲ့ပြီး ဒီဂိုးကိုတော့ ပွဲချိန်(၄၈)မိနစ်မှာ ကာဟေးလ်ရဲ့ အမှားကနေ ဖရက်ဒ်က ဂျိုးဟတ်ရဲ့ ဘယ်ထောင့်ကို ကန်သွင်းယူခဲ့တာပါ။
ပွဲချိန်(၅၆)မိနစ်မှာ ထောင့်ကန်ဘောကနေ ကာဟေးလ်ခေါင်းတိုက်ခဲ့ပေမယ့် ဆီဆာက ဂိုးဘားပေါ်ကို ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်(၄)မိနစ် အကြာမှာတော့ ရွန်နီရဲ့ဖြတ်တင်ဘောကို လမ်းပတ်က ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့လို့ အင်္ဂလန်တို့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
Post a CommentDefault CommentsFacebook Comments