အစိုးရစစ်သား(၁၀)ယောက်က ငြိမ်းချမ်းရေးအတွက် ဗုံးခွဲသတ်သေ

 အစိုးရကငြိမ်းချမ်းရေးကိုအမှန်တကယ်မလိုလားသောလုပ်ဆောင်ချက်များကိုတွေ့ရှိသောကြောင့် ဒေါ့ဖုန်းယန် နှင့် လွယ်မောက်ယန် အကြား ခလားတောင်ခြေတွင် တပ်စွဲထားသော ခမရ-၃၈၉, ခမရ-၂၃၇, ခလရ- ၇၄ မှ ရဲဘော်(၁၀)သည် အောက်ခြေရဲဘော်များငြိမ်းချမ်းရေးကိုလိုလားကြောင်း ဆန္ဒထုတ်ဖော်သည့်အနေဖြင့် ဖေဖေါ်ဝါရီလ(၂၄)ရက်နေ့မှာ ဗုံးဖောက်သတ်သေသွားခဲ့ကြသည်။ 
ထိုဖြစ်စဉ်ကို ဘေးမှာတွေ့ခဲ့တဲ့ ရဲဘော်တဦးကရွာထဲမှာအရက်လာသောက်ရင်း အခုလိုပြောခဲ့ပါတယ်။ " သူတို့ဗုံးမဖောက်ခင်ပြောတာက ပြည်သူလူထုနဲ့ စစ်မှုထမ်းဟောင်းတွေတောင် ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေတာ အစိုးရက ဘာလို့ မလိုက်လျောတာလဲ ငြိမ်းချမ်းရေးကို ငါတို့ အောက်ခြေ ရဲဘော်အနေနဲ့ လိုလားကြောင်းဆန္ဒပြတဲ့အနေနဲ့ ကိုယ့်ကိုယ်သတ်မယ်ဆိုပြီး ဗုံးကြီးကို အလယ်မှာထားဝိုင်းထိုင်းပြီးမနက်ပိုင်း မှာ ဖောက်ခွဲလိုက်တာ ၃၈၉ ,၂၃၇ ,က(၉)ယောက် ၇၄ ,က (၁)ယောက် စုစုပေါင်း(၁၀)ယောက် သေသွားတယ် " အခုဖြစ်စဉ်က ပြီးခဲ့တဲ့အပါတ်က ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ကို လမ်းခရီးမှာ နှောက်ယှက်တာရယ်၊ ICRC အဖွဲ့ ပြန်လှည့်သွားရတဲ့ကိစ္စတွေနဲ့ တိုက်ရိုက်ပါတ်သက်နေတယ်လို့ ဒေါ့ဖုန်းယန်ရွာသားများကပြောဆိုနေကြပါတယ်။ 
(Min Htay)

လဝန်းလေး facebook မှဖော်ပြသည်။


Related

news 5378756044950098585

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item