ကျောက်ကြီးမြို့နယ်နေ စောဖါးဝါးက မိမိကိုယ်ကို အဆုံးစီရင်သွား
http://albanykarennews.blogspot.com/2013/02/blog-post_5090.html
စောဖါးဝါး(၃၃)နှစ် |
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နေ စောဖါးဝါး(၃၃)နှစ်သည် ယမန်နေ့ညတွင် မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်သွားခဲ့ကြောင်း ဒေသဆိုင်ရာရဲမှ အကြောင်းကြားလာသဖြင့်
ယနေ့မနက် (၁၀)နာရီအချိန်တွင် MKO ဥက္ကဋ္ဌမန်းဒုံယောင်း၊ အတွင်းရေးမှူးဒန်းနစ်စောထူး၊ လက်ထောက်အတွင်းရေးမှူး စ'ဘီနှင့် စယောရှုတို့က သွားရောက်ကြည့်ရှုခဲ့သည်။
၎င်းတို့သွားရောက်ကြည့်ရှုချိန်တွင် စောဖါးဝါး၏ အလောင်းက Rawang ဆေးရုံရှိ ရင်ခွဲရုံတွင်
သယ်ဆောင်ရောက်ရှိခဲ့ပြီးဖြစ်သည်။ စောဖါးဝါးကြိုးဆွဲချသေရာအခန်းတွင် အခန်းဖေါ်နှစ်ဦး
ရှိသော်လည်း ရဲများသွားရောက်အလောင်းသယ်ထုတ်ရာတွင် မတွေ့ခဲ့ကြောင်း၊ အခန်းကို ရှာဖွေစစ်ဆေးရာတွင် စောဖါးဝါး၏ MKO ကဒ်ကို တွေ့ရှိရာမှ ကဒ်ပေါ်ရှိ ဆက်သွယ်ရန် MKO ရုံး
ဖုန်းနံပါတ်ကို ဆက်သွယ်လာခြင်းဖြစ်ကြောင်းလည်း သိရပါသည်။
MKO ကဒ်မှတ်ပုံတင်ချက်အရ စောဖါးဝါးသည် ကျောက်ကြီးမြို့နယ်မှ အဖ-စောသာစေး၊ အမိ- နော်ပုတူဖြစ်ကြောင်းနှင့် 10-03-2011 နေ့ရက်တွင် မလေးရှားသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း
သိရပါသည်။
မိမိကိုယ်ကို ဘာကြောင့်အဆုံးစီရင်ရသည့်အသေးစိတ်ကို MKOတာဝန်ရှိလူကြီးမင်းများမှ ဆက်လက်
စုံစမ်းဆဲပင်ဖြစ်သည်။
Post a CommentDefault CommentsFacebook Comments