ရီးရဲလ်-မန်ယူ ပွဲကြို အတွက် ရင်ခုန်သံနဲ့ထပ်တူ အသံဗလံများ




မိုက်ကယ်အိုဝင်

ဒီညပွဲအတွက် ကျွန်တော် မစောင့်ဆိုင်းနိုင်တော့ပါဘူး။ မန်ယူအတွက်

အဝေးဂိုးရဖို့အရေးကြီးသလို သူတို့ရဲ့ တိုက်စစ်စွမ်းရည်ကို ရီးရဲလ် တားဆီးနိုင်ဖို့ မရှိပါဘူး။

အက်ဆီယန်

ရော်နယ်ဒိုဟာ ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်နေပေမယ့် ဒီပွဲအတွက် စိတ်လှုပ်ရှားနေပါတယ်။ သူတို့ရဲ့တိုက်စစ်ကို ကျွန်တော်တို့ ရပ်တန့်ရပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့ရှုံးနိမ့်မှာကို တွေးကြောက်မနေပါဘူး။

မော်ရင်ဟို

မန်ယူနဲ့ပွဲဟာ အရေးကြီးတဲ့ပွဲကောင်း တစ်ပွဲဖြစ်ပေမယ့် ကျွန်တော်တို့အသင်းရဲ့ ဒီရာသီအောင်မြင်မှုကို အဆုံးအဖြတ် ပေးလောက်တဲ့အထိ မသက်ဆိုင်ပါဘူး။ အင်္ဂလန်ဘောလုံး လောကရဲ့ယဉ်ကျေးမှုမှာ ဖာဂူဆန်ဆိုတာ ပွဲကြီးပွဲကောင်းတွေ ဆင်နွဲချင်တဲ့ နည်းပြလို့ ကျွန်တော်သိထားပါတယ်။

ဖာဂူဆန်

ရီးရဲဟာ ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်နိုင်စွမ်းရှိသလို လာလီဂါမှာထက် ချန်ပီယံလိဂ်မှာ ခြေစွမ်းပိုကောင်းပါတယ်။ ဒီထက်ပိုတာက ဘာနေဗျူးမှာဆို သူတို့မရှုံးသလောက်ပါပဲ။

ကာရစ်

ရိုးရိုးသားသားပြောရရင်တော့ ရော်နယ်ဒိုကို အနည်းဆုံး ၂ ယောက် ၃ယောက်လောက် ကပ်ရပါလိမ့်မယ်။ သူဟာ လျှပ်တပြက် ဂိုးသွင်းတတ်သူဖြစ်သလို ရီးရဲလ်အတွက်လည်း တော်တော်ခြေစွမ်းပြနေသူပါ။

ရှမိုက်ကယ်

အကုန်လုံးနီးပါးက ရီးရဲလ် နောက်တစ်ဆင့်တက်လိမ့်မယ်လို့ ထင်နေကြပြီး အဲဒါက တော်တော်ထူးဆန်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဒီရာသီခြေစွမ်းကြောင့် သူတို့ကို ဖြုတ်ချနိုင် ပါတယ်။

# ရီးရဲလ်မှာ ဘာနေဗျူးတွင် ကစားခဲ့သော ၃၃ပွဲဆက် ရှုံးပွဲမရှိ ခဲ့သည့်အပြင် နောက်ဆုံး ၆ပွဲတွင် ၅ပွဲ အနိုင်ရခဲ့

#ရီးရဲလ်မှာ မန်ယူနှင့်တွေ့ဆုံခဲ့သည့် ဥရောပပြိုင်ပွဲ ၈ပွဲတွင် ၃ပွဲနိုင်၊ ၃ပွဲသရေ၊ ၂ပွဲရှုံး ရလဒ် ရရှိထား

#မန်ယူမှာ နောက်ဆုံးကစားခဲ့သော ပြိုင်ပွဲစုံ ၁၄ပွဲဆက် မရှုံးခဲ့ သော်လည်း အဝေးကွင်း ၉ပွဲတွင် ၄ပွဲသာ အနိုင်ရထား

#မန်ယူမှာ စပိန်တွင် ကစားခဲ့သည့် ပွဲ၂၀တွင် ၂ပွဲသာ အနိုင်ရ ပြီး ၈ပွဲသရေကျကာ ၁၀ပွဲရှုံးခဲ့

#ဖာဂူဆန်မှာ မော်ရင်ဟိုနှင့်တွေ့ဆုံမှု ၁၄ကြိမ်တွင် ၂ကြိမ်သာ အနိုင်ရခဲ့ပြီး မော်ရင်ဟို၏ ချန်ပီယံလိဂ် နိုင်ပွဲရာခိုင်နှုန်းမှာ ဖာဂူဆန်ထက် ၀.၂ ရာခိုင်နှုန်း ပိုများ
http://yoyarlay.com/sport/football/34180-2013-02-13-11-27-12
 
live ပွဲစဉ်ကို ဒီမှာနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
 

Related

article 2216808027564511711

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item