“အစိုးရနှင့်ကေအိုင်အို ဖေဖေါ်ဝါရီ ၄ ရက်တွင် တွေဆုံဆွေးနွေးမည်”


Credit: 7Day News Journal

အစိုးရနှင့် ကေအိုင်အိုတို့လာမည့်ဖေဖေါ်ဝါရီ ၄ ရက်(မနက်ဖြန်) တွင် တရုတ်နိုင်ငံရွှေလီမြို့တွင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး ထိုတွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံမှ ကြားနေသက်သေအဖြစ် ဆောင်ရွက်ပေးသွား
မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲသတင်းကို နှစ်ဖက်စလုံးမှ သတင်းထုတ်ပြန်ခြင်း အတည်ပြုပေးခြင်းမရှိပေ။ သို့သော်နှစ်ဖက်မှ ဆွေးနွေးမည့် တာဝန်ရှိသူများသည် ရွှေလီမြို့သို့သွားရောက်နေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဖေဖ၀ါရီ ၁ ရက်တွင် ကေအိုင်အိုဗဟိုကော်မတီက မြန်မာ့တပ်မတော်အနေနှင့်
ထိုးစစ်များရပ်ဆိုင်းပါက ကေအိုင်အေမှလည်း ပြဿနာဖြစ်ပွားနိုင်မည့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်မည်မဟုတ်ဘဲ နိုင်ငံရေးပြသနာများကို ဆွေးနွေးခြင်းဖြင့် အဖြေရှာနိုင်မည်ဟု ယုံကြည်ကြောင်းပြောကြားထားသည့် ကြေညာ ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

နောက်တစ်နေ့ ဖေဖ၀ါရီ ၂ရက်တွင် အစိုးရကလည်း ကေအိုင်အေနှင့် ဆွေးနွေးပွဲများ စတင်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်းကြေငြာချက်တစ်စောင်ထုတ်ပြန်ကာ သတင်းထုတ်ပြန်ပြီးနောက် ဖေဖေါ်ဝါရီ ၄ ရက်တွင် နှစ်ဖက် တွေ့ဆုံဆွေးနွေးသွားကြမည် ဖြစ်သည်။

Related

news 4004551666124536640

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item