KNU ကိုဧည့်ခံသော ညစာစားပွဲမှ ဒုဥက္ကဋ္ဌဒေါက်တာစိုင်းမောက်ခမ်း၏ နှုတ်ဆက်စကား

http://albanykarennews.blogspot.com/2013/01/knu_4184.html
“ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး၊ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ ဒေါက်တာစိုင်းမောက်ခမ်း ကကရင်အမျိုးသား အစည်းအရုံး(KNU)အဖွဲ့အားဂုဏ်ပြုညစာစားပွဲေ ကျွးမွေး စဉ်က ပြောကြားခဲ့သည့် နှုတ်ခွန်းဆက်စကား“
နေပြည်တော်၊ဇန်န၀ါရီ၊၅
ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေးအဖွဲံကို ဂုဏ်ပြုတဲ့ ညစာစားပွဲပဲဖြစ်တယ်။နိုင်ငံတော် အနေနဲကတော့ ၂၀၁၁နှစ်ဆန်းပိုင်းကနေ အခု၂၀၁၃နှစ်ဆန်းပိုင်းနှစ်နှစ်တာကာလအတွင်းမှာ နိုင်ငံတော်အစိုးရအဖြစ်တာဝန်ယြူ ပီးတော့ ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်တွေကိုဖော်ဆောင်ခဲ့ပါတယ်။
ဒီမှာရှိတဲ့ ကရင်အမျိုးသားစည်းရုံးရေး၊ငြိမ်းချမ်းရေးအဖွဲ့အပါ အ၀င် ထိတွေဆက်ဆံလို့ရတဲ့ အဖွဲ့အစည်းတွေအားလုံးကို ကျွန်တော်တို့ ထိတွေပြီးတေှာ့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဖော်ဆောင်ခဲ့တာ
ဖြစ်ပါတယ်။
![]() |
ယနေ့ညနေ6 နာ၇ီတွင် Royal KumudaHotel ၌ ငြိမ်းချမ်းရေး ၊ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့အား ဂုဏ်ပြုညစာစားပွဲကျွေးမွေးစ |
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာကျွန်တော်တို့က မတူညီတာတွေကိုဘေးဖယ်ထားပြီးမှ တူညီတာတွေကိုလက်တွဲပြီးလုပ်နေခဲ့ တာ အထိုက်အလျောက်အောင်မြင်တဲ့ ခရီးရောက်နေတာအားလုံးအသိပဲဖြစပါ တယ်။
အရင်တုန်းကသေနတ်သံတွေ ဆူညံနေတဲ့ဒေသတော်တော်များများမှာ သေနတ်သံတွေစဲပြီး
ပြည်သူလူထုကလည်းအေးအေးချမ်းချမ်းနေနိုင်တဲ့အခြေအနေရောက်လာတာအား လုံးအသိပဲဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဖော်ဆောင်တာကလည်း တစ်ဖက်တည်း လုပ်လို့ရတာမျိုးမဟုတ်ဘဲ နှစ်ဦးနှစ်ဖက်လုံးက ဖော်ဆောင်မှ အောင်မြင်မှာဖြစ်ပါတယ်။
ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်မကဘဲ ဘေးတိုက်ကနေလည်း အားပေးကူညီသူ၊အားပေးကူညီတဲ့နိုင်ငံ၊ အားပေးကူညီတဲ့ အဖွဲ့အစည်း၊ တွေပါဝင်ပါမှ နှစ်ပေါင်း၅၀ကျော် ၆၀နီးပါ
ကြမြင့်လာတဲ့ ပဋိပက္ခတွေ အောင်မြင်မှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်တဲ့နေရာကလည်း လွယ်ကူတဲ့လုပ်ငန်းစဉ်တော့မဟုတ်ပါဘူး၊ နိုင်ငံရေးစီးပွားရေးလူမှုေ ရး၊စစ်ရေး၊စတဲ့ရေးရာကိစ္စတွေအမြောက်အများပါတဲ့အတွက် တစ်ထိုင်တည်း၊တစ်ခါတည်းပြီးမြော က် အောင်မြင်အောင်လုပ်ဖို့ အင်မတန်မလွယ်တဲ့လုပ်ငန်းစဉ်ဖြစ် ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းကအင်မတန်မှ စိတ်ရှည်သည်းခံပြီး ဇွဲရှိရှိနဲ့ နှစ်ဦးနှစ်ဖက်လုပ်ဆောင်ပါမှ အောင်မြင်နိုင်မှာဖြစ်ပါတယ်။
ဒါကြောင့်အခုဒီကို တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေကလည်းစိတ်ရှည်သည်းခံ ပြီးတော့မှ ဇွဲရှိရှိနဲ့ လုပ်ဆောင်ပေးကြဖို့ ကျွန်တော့်အနေနဲ့မေတ္တာရပ်ခံပါတယ်။
အခု၂၀၁၁ခုနှစ် ကနေ၂၀၁၃ခုနှစ် နှစ်နှစ်တာကာလအတွင်းရောက်လာပါပြီ အခု၂၀၁၃မှာ ကျွန်တော်တို့ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းအောင်မြင်ပါစေလို့ ကျွန်တော့်အနေနဲ့ ဆန္ဒပြုပါတယ်။
SWH
အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ ည်
Posted by
Unknown
Post a CommentDefault CommentsFacebook Comments