တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် တိုင်းပြည်တိုးတက်ရေးအတွက် အပစ်အခတ် ရပ်စဲရေးကို အလေးထား ဆောင်ရွက်မည်ဟု ထင်မြင်ကြောင်း KNU ပြောကြား

http://albanykarennews.blogspot.com/2013/01/knu_1126.html
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် တိုင်းပြည် တိုးတက်ရေးအတွက် အပစ်အခတ် ရပ်စဲရေးကို အလေးထား ဆောင်ရွက်မည်ဟု ထင်မြင်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့မှ အတွင်းရေးမှူး ဖဒိုစောမန်းမန်းက ဇန်န၀ါရီလ ၆ ရက်နေ့က ပြောကြားခဲ့သည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခေါင်းဆောင်များသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်ဖြင့် နေပြည်တော်သို့ ရောက်ရှိစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံပြီး စစ်ရေးနှင့် ပတ်သက်သည့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် စစ်ဖက်ဆိုင်ရာ ကိစ္စရပ်များအား ပြောဆိုရန် ကာကွယ်ဦးစီးချုပ်ရုံးရှိ ဘုရင့်နောင်ခန်းမတွင် ဇန်န၀ါရီလ ၆ ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း
အတွင်းရေးမှူး ဖဒိုစောမန်းမန်းက “ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကျွန်တော်တို့ ကေအန်ယူ ခေါင်းဆောင်တွေ ဒါပထမဆုံး တွေ့ဆုံတာပါ။ အဓိကကတော့ ကျွန်တော်တို့နဲ့ အပစ်အခတ် ရပ်စဲရေးလုပ်တာ ပိုမိုခိုင်မြဲဖို့နဲ့ ကချင်ပြည်နယ်ဘက်က ကိစ္စတွေမှာ အားလုံးပူးပေါင်းပြီး အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ဖို့ ပြောဆိုခဲ့တာပါ။ နိုင်ငံတော်သမ္မတနဲ့ တွေ့တုန်းကလည်း ဒီအချက်တွေပါပဲ” ဟု Eleven Media Group သို့ ပြောကြားခဲ့သည်။
“သူ့သဘောထားကို ကျွန်တော်တို့အမြင်ကို ပြောရရင် အပစ်အခတ် ရပ်စဲရေးတွေလုပ်ဖို့ ဆောင်ရွက်ဖို့ မခဲယဉ်းဘူးလို့မြင်တယ်။ တိုင်းရင်းသား အားလုံးနဲ့ အပစ်အခတ် ရပ်စဲရေးလုပ်တဲ့ နေရာမှာ ၇၅ ရာခိုင်နှုန်းလောက် အောင်မြင်တယ်လို့လည်း ကျွန်တော်တို့ကို ပြောပါတယ်။ တစ်ချိန်တည်းမှာ တိုင်းပြည် တိုးတက်ရေးအတွက် အပစ်အခတ် ရပ်စဲရေးကို အလေးထား ဆောင်ရွက်မယ်လို့ မြင်ပါတယ်။ ဒီလိုတွေ့ဆုံမှုကြောင့် ငြိမ်းချမ်းရေး ကိစ္စတွေ ဆောင်ရွက်တဲ့အခါ တိုးတက်မှု ရှိနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ သို့သော်လည်း အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ပြီးရင် နိုင်ငံရေး ဆွေးနွေးမှု အစပျိုးဖို့ လိုအပ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးနိုင်ဖို့ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်တာ ဖြစ်တဲ့အတွက် အပစ်အခတ် ရပ်စဲရေးလုပ်ပြီး နိုင်ငံရေး ဆွေးနွေးမှုမရှိရင် ဒီအပစ်အခတ် ရပ်စဲရေးဟာ ခိုင်မြဲနိုင်ဖို့ အခက်အခဲရှိပါတယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘူးဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပြီး ပူးပေါင်းအဖြေရှာဖို့ အဓိက လိုအပ်တယ်” ဟု ဖဒိုစောမန်းမန်းက ဆက်လက်ပြောကြားခဲ့ပါသည်။
မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (Myanmar Peace Center) မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးကလည်း” ကရင်အမျိုးသား အစည်းအရုံး ဘက်ကလည်း လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တပ်မတော်ကလည်း နောက်ကရှိတယ်ဆိုတဲ့ Message ကို သူတို့လိုချင်တယ်။ ကျွန်တော်ထင်ပါတယ် ဟိုတစ်နေ့က ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း တွေ့ချင်တယ်လို့ သူတို့ပြောလိုက်တဲ့ နောက်မှာလည်း အဲဒီအဓိပ္ပါယ် ပါပါလိမ့်မယ်။ ကာကွယ်ရေး ဦးစီးချုပ်ကလည်း နွေးနွေးထွေးထွေးနဲ့ တွေ့ဆုံပြီး စကားပြောကြတယ် ဆိုတာကလည်း တပ်မတော်ဘက်ကလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ သူတို့နောက်ကနှေ Support လုပ်ပါတယ်ဆိုတဲ့ Message ကို ပေးချင်တာပါ။ တွေ့ဆုံမှုက နွေးနွေးထွေးထွေးနဲ့ ပြီးဆုံးခဲ့ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
ကရင်အမျိုးသား အစည်းအရုံး အနေဖြင့် အဖွဲ့မှ ချမှတ်ထားသည့် ငြိမ်းချမ်းရေး မူဝါဒ လမ်းစဉ်များဖြစ်သည့် အပစ်အခတ် ရပ်စဲရေး၊ ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး အဆင့်ဖြစ်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံရေးအရ ပူးပေါင်း ပါဝင်နိုင်အောင် ဆောင်ရွက်နိုင်ရေး စသည့် အဆင့်လေးဆင့် အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်များသည် ဇန်န၀ါရီလ ၆ ရက်နေ့တွင်ပင် နေပြည်တော်မှ ပြန်လည်ထွက်ခွာခဲ့ပြီး ရန်ကုန်ရှိ ကရင်တိုင်းရင်းသားများနှင့်
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံစဉ် (ဓာတ်ပုံ-မြ၀တီ)
အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ
Post a CommentDefault CommentsFacebook Comments