ဟက်ထရစ်သွင်းဂိုးဖြင့် (၁၁)ကြိမ်မြောက်၊ နှစ်သစ်ကူးဖလားကို ဇွဲကပင်အသင်း ဆက်လက်ရယူ


ဒီကနေ့မနက် ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၇၅၂-ခုနှစ်၊ (၁၁)ကြိမ်မြောက် မလေးရှား ကရင့်အမျိုး သားနှစ်သစ်ကူးဖလားကို ယမန်နှစ်က ချန်ပီယံ ဇွဲကပင်အသင်းနဲ့ ငွေတံဆိပ်ဆုရှင် မျိုးချစ်ကရင်
(Klang) အသင်းတို့ ယှဉ်ပြိုင်ကစားရာမှာ ဇွဲကပင်အသင်းက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိပြီး ချန်ပီယံ
ဆုဖလားကို ထိုက်ထိုက်တန်တန် ၂ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။



မနက်၉း၃၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒီနေ့ဗိုလ်လုပွဲစဉ်မှာ ပွဲစတာနဲ့တပြိုင်နက် သူတပြန်
ကိုယ်တပြန် ထိုးစစ်ဆင်ကစားနိုင်ခဲ့ပြီး ပထမပိုင်း ပွဲချိန် မိနစ်၂၀မှာ ဇွဲကပင်အသင်းမှ ကျောနံပါတ်(၅)
စောမာရစ်(ခ)ကယားကြီးက အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အဖွင့်ဂိုးပေးလိုက်ရတဲ့ မျိုးချစ်ကရင်အသင်းက ကွင်းလယ်ကနေ အချိတ်အဆက်ပြန်လည် ဖန်တီးယူပြီး
ချေပဂိုးရဖို့ တိုက်စစ်ဆင်ကစားသွားပေမဲ့ ၀ါရင့်ဇွဲကပင်ဂိုးသမားဒေးဖိုးက အသဲအသန် ကာကွယ်ခဲ့ရပါတယ်။



ပထမပိုင်းပွဲချိန် မနစ်၃၂ မိနစ်မှာ မျိုးချစ်ကရင်အသင်းမှ ကျောနံပါတ်(၁၀)စောကျော်လွင်က ချေပဂိုးသွင်း ယူနိုင်ခဲ့သော်လည်း ၃၅ မိနစ်မှာပဲ ဇွဲကပင်အသင်းမှ စောမောရစ်ကပဲ ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ပြန်တယ်။

၂ ဂိုး ၁ ဂိုးဖြင့် ဦးဆောင်နေတဲ့ ဇွဲကပင်အသင်းက အချိတ်အဆက်မိမိနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ
ပထမပိုင်းပြီးခါနီးမှာ စောမောရစ်ကပဲ တတိယမြောက်ဂိုးကို အမှားအယွင်းမရှိပဲ ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။

ပထမပိုင်းပွဲသိမ်းခရာမှုတ်တဲ့အချိန်မှာ ၃ဂိုး၁ဂိုးနဲ့ ဇွဲကပင်အသင်းက ဦးဆောင်ခဲ့တာဖြစ်ပါတယ်။



ဒုတိယပိုင်းပြန်စတဲ့အချိန်မှာ မျိုးချစ်ကရင်အသင်းက ဖိကစားနိုင်ခဲ့ပြီး ဒုတိယပိုင်း ၂၉ မိနစ်မှာ မျိုးချစ်ကရင်
အသင်းမှ နံပါတ်၈ စောမင်းသူက ဒုတိယမြောက် ချေပဂိုးသွသ်းယူနိုင်ခဲ့သော်လည်း ဒိုင်လူကြီးပွဲသိမ်းခရာ
မှုတ်ရန်စက္ကန့်ပိုင်းအလိုမှာပဲ ဇွဲကပင်အသင်းမှ နံပါတ်၁၅ စောထွန်းဝင်းမှ စတုတ္ထမြောက်ဂိုးကို သွင်းယူနိုင်
ခဲ့ပါတယ်။



အဲဒါကြောင့် ဒီနှစ်မှာလည်း ဇွဲကပင်အသင်းကပဲ ၄ဂိုး ၂ ဂိုးနဲ့ ချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့ပြီး ဒီနေ့ပွဲစဉ်မှာ စောမောရစ်က ဟက်ထရစ်ဂိုးများသွင်းယူနိုင်ခဲ့ပြီး ပွဲစဉ်တလျှောက် (၁၄)ဂိုးဖြင့်
ဂိုးအများဆုံး ရွှေဖိနပ်ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။








Related

news 5708425606927688565

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item