အူဗျစ်ရွာ နှင့် အာလမ်ရွာ တို့မှ မြန်မာ့တပ်မတော်မှ စစ်မှုမထမ်းမနေရအမိန့်ဖြင့် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားသူများစားရင်း




မြစ်ကြီးနား မြို့နယ် အတွင်းရှိ ကျေးရွာများမှ အရွယ် မရောက်သေးသူများ ကို စစ်မှုထမ်း ဆောင်ရန် မြန်မာ့တပ်မတော် တပ်မ (၉၉) မှ ဖမ်းဆီးခေါ်ဆောင်သွားပါသည် ။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် (၁၄)မိုင်ခန့်ကွာဝေးသော အူဗျစ်ရွာ(LJ 485255)နှင့်အာလံရွာ ခန့်မှန်း မြေပုံညွှန်း(LJ- 485267) ရွာများမှ အရွယ်မရောက်သေးသော တိုင်းရင်းသားလူငယ် (၄၅)ဦးအား(၁၅-၁-၂၀၁၃) ရက်နေ့ညပိုင်းအချိန်တွင် မြန်မာ့တပ်မတော်မှ ရှေ့တန်းစစ်မျက်နှာသို့ မြေမြုတ်မိုင်း ရှာဖွေရန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။

လီးဆူးတိုင်းရင်းသားများအများစုနေထိုင်သော အဆိုပါ ကျေးရွာ(၂)ရွာပေါင်းတွင် အိမ်ခြေ (၂၀၀)၀န်းကျင်သာရှိပြီး ရိုးသားစွာ တောင်ယာလုပ်ကိုင်စားသောက်သူများသာ ဖြစ်ကြောင်း၊ လီဆူးတိုင်းရင်းသား များသာနေထိုင်ပြီး ဆင်းရဲသည့်ရွာများဖြစ်ကြောင်း ယခုအခါ မိဘများဖြစ်သူများသည် ၄င်းတို့၏ တောင်ယာလုပ်ငန်းခွင်များတွင် မိဘအားကူညီလုပ်ကိုင်ပေးမည့် သားယောင်္ကျားလေးများမရှိတော့ခြင်းနှင့် ကျေးရွာစာသင်ကျောင်းတွင်လည်း အလယ်တန်းအဆင့် ကျောင်းသားများမရှိတော့ခြင်းတို့ဖြင့် ရင်ဆိုင်ကြုံတွေနေပါသည်။

အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားသော မြန်မာတပ်မတော် သည် လှုပ်ရှား စစ်ကြောင်း အင်အား(၂၅၀)ဦးရှိသည့် အတွက် မည်သည့်ဒေသသို့ ခေါ်ဆောင်သွားမှန်းမသိဖြစ်ကာ မိဘများအနေဖြင့် အရွယ်မရောက်သေးသော သား သမီး များအတွက် ပူးဆွေးသောက ရောက်လျှက် ရှိကြောင်း သိရှိရပါသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူများစာရင်းမှာ

အူဗျစ်ရွာမှ-

(၁) မောင်ဇူးဆားပါး (၁၅)နှစ် (ဘ)ဦးယာအားပေါ် ကျောင်းသား လီဆူးတိုင်းရင်းသား။
(၂) မောင်လယ်မယ်ဆီး(၂၀)နှစ် (ဘ) ဦးဖူးဇီးဖူး တောင်သူ လီဆူးတိုင်းရင်းသား။
(၃) မောင်ဆဒိုင်ဆာ(၁၆)နှစ် (ဘ)ဦး အီဆာရဲ ကျောင်းသား လီဆူးတိုင်းရင်းသား။
(၄) မောင်မာခေါ(၂၁)နှစ် (ဘ) ဦးယာပေါလု တောင်သူ လီဆူးတိုင်းရင်းသား။
(၅) မောင်ယာနီတား (၁၉)နှစ်(ဘ) ဦးယာဒီးဟူး တောင်သူ လီဆူးတိုင်းရင်းသား။
(၆) မောင်ဆဒိုင်ဆာ(၁၄)နှစ် (ဘ)ဦးဒါနီလီ ကျောင်းသား လီဆူးတိုင်းရင်းသား။
(၇) မောင်ယာဇူးလေး (၁၂)နှစ် (ဘ) ဦးယာပေါဟူး ကျောင်းသား လီဆူးတိုင်းရင်းသား။
(၈) မောင်ယာဇူဘီး(၁၄)နှစ် (ဘ) ဦးယာပေါဟူး ကျောင်းသား လီဆူးတိုင်းရင်းသား။
(၉) မောင်ဘောမ်ယိန်း (၁၁)နှစ် (ဘ)ဦးချန်းဘောမ် ကျောင်းသား လီဆူးတိုင်းရင်းသား။
(၁၀) မောင်ယာလီဟီး (၁၂)နှစ် (ဘ)ဦးယောရှု ကျောင်သား လီဆူးတိုင်းရင်းသား။
(၁၁) မောင်ငွါးဟာလေး (၂၀)နှစ် (ဘ)ဦးယာယောဘီ ဓမ္မလူငယ်ခေါင်းဆောင် လီဆူးတိုင်းရင်းသား။
(၁၂) မောင်ယာချီးလေး(၁၈)နှစ် (ဘ)ဦးဆီလီဘီ ကျဘမ်း လီဆူးတိုင်းရင်းသား။
(၁၃) မောက်ယာဝေဂူ(၁၈)နှစ် (ဘ)ဦးယာကြာဆီး ကျဘမ်း လီဆူးတိုင်းရင်းသား။
(၁၄) ဦး ယာဖူးလေ(၅၇)နှစ် (ဘ)ဦးယာထူးလေး တောင်သူ လီဆူးတိုင်းရင်းသား။
(၁၅) ဦးဝင်းသိန်း (၅၅)နှစ် (ဘ) ဦးစိုးရွှေ ဆိုင်ကယ်ပြင်ဆိုင် ဗမာ+ဗုဒ္ဒ ဗမာတိုင်းရင်းသား။
(၁၆) မောင်လာပေါ်တား (၁၆)နှဟ် ဦးအားဆီး ကျောင်းသား လီဆူးတိုင်းရင်းသား။
(၁၇) မောင်လယ်မယ်ဝူး (၂၅)နှစ် (ဘ)ဦးအားဇား တောင်သူ လီဆူးတိုင်းရင်းသား။
(၁၈) ဦးဒိန်ရန်လ (၄၆)နှစ် (ဘ)ဦးဒိန်ရိန်နော် တောင်သူ လီဆူး တိုင်းရင်းသား။
(၁၉) မောင်လရှိုတန် (၁၃)နှစ် (ဘ) ဦးလဂရှိုလရိန် ကျောင်းသား လီဆူးတိုင်းရင်းသား။
(၂၀) မောင်ဒူနော် (၂၀)နှစ် (ဘ) ဦးဝူတိန်နော် တောင်သူ လီဆူးတိုင်းရင်းသား။
(၂၁) ဦးဒိန်ဆာရောဂျာ(၆၀)နှစ် (ဘ)ဦးဒိန်ဆာဂမ် တောင်သူ လီဆူးတိုင်း၇င်းသား။
(၂၂) မောင်အင်ရွှန်းဇော်ခေါင် (၁၂)နှစ် (ဘ) ဦးအင်ရွှန်းဆင်ဝါ ကျောင်းသား လီဆူးတိုင်းရင်းသား။
(၂၃) ဦးမရန်မန်ဝိုင်း (၂၅)နှစ် (ဘ) ဦးမရန်နော် ဆယ်အိမ်မှူး လီဆူးတိုင်းရင်းသား။
(၂၄) မောင်အာဒန်လ (၁၂)နှစ် (ဘ) ဦးအာဒန်နော် ကျောင်းသား လီဆူးတိုင်းရင်းသား။
(၂၅) မောင်လယန်ဆွတ်မောင် (၂၀)နှစ် (ဘ)ဦးလယန်လအောင် တောင်သူ လီဆူးတိုင်းရင်းသား။
(၂၆) ဦးကရန်နော် (၂၂)နှစ်(ဘ) ဦးဇော်မိုင် တောင်သူ လီဆူးတိုင်းရင်းသား။
(၂၇) ဦးနော်ငိုင်လ(၄၅)နှစ် (ဘ)ဦးနော်ငိုင်ဇော်ယောင် တောင်သူ လီဆူးတိုင်းရင်းသား။
(၂၈) မောင်ဂွမ်ရိန်ကူးမိုင်း(၂၀)နှစ် (ဘ)ဦးဂွမ်ရိန်နော် တောင်သူ လီဆူးတိုင်းရင်းသား။
(၂၉) မောင်လယန်ကူး(၁၂)နှစ် (ဘ)ဦးလယန်နော် ကျောင်းသား လီဆူးတိုင်းရင်းသား။
တို့ဖြစ်ပြီး။

အာလမ် ရွာမှ-

(၁) ဦးမရန်ဖုန်ရမ် (၅၅)နှစ် (ဘ)ဦးဟန်ရွှေ ဈေးရောင်း လီဆူး+ဗမာ တိုင်းရင်းသား။
(၂) ဦးဟန်ဂေါင်းအားဇောင်း (၅၂)နှစ် ဦးဇခေါ တောင်သူ လီဆူးတိုင်းရင်းသား။
(၃) ဦးအောင်ဆန်း(၃၅)နှစ် (ဘ)ဦးမြသန်း သုံးဘီးဆိုင်ကယ်မောင်း ဗမာတိုင်းရင်းသား။
(၄) ဦးဂျာနော် (၄၈)နှစ် (ဘ)ဦးလကပ်ဇော်တောင် တောင်သူ လီဆူးတိုင်းရင်းသား။
(၅) မောင်တွယ်ဆန်အောင် (၁၁)နှစ် (ဘ)ဦးဒဘော့နော်အောင် ကျောင်းသား လီဆူးတိုင်းရင်းသား။
(၆) မောင်လောန်အောင်(၁၃)နှစ် (ဘ)ဦးလောနန် ကျောင်းသား လီဆူးတိုင်းရင်းသား။
(၇) မောင်ဇောင်ဟောင်း (၂၅)နှစ်(ဘ) ဦးဟောင်းဗလောင်း အင်ဂျန်း(မြောက်) လာလည်သူ လီးဆူးတိုင်းရင်းသား။
(၈) ဦးလဂျေလဆန်(၄၆)နှစ်(ဘ)ဦးလဂျေနော် တောင်သူ လီဆူးတိုင်းရင်းသား။
(၉) မောင်လဂျေဆွတ်အောင်(၁၆)နှစ် (ဘ)ဦးဗျာလာလူး တောင်သူ လီဆူးတိုင်းရင်းသား။
(၁၀) မောင်လဘန်နော်ဆန်း (၁၉)နှစ်(ဘ) ဦးလဂျောနော် တောင်သူ လီဆူးတိုင်းရင်းသား။
(၁၁) မောင်အားဖူး (၁၅)နှစ် (ဘ)ဦးယောရှုဝ တောင်သူ လီဆူးတိုင်းရင်းသား။
(၁၂) မောင်အာဆားဝါး (၂၀)နှစ် (ဘ) ဦးယောပေါထ တောင်သူ လီဆူးတိုင်းရင်းသား။
(၁၃) ဦးယဇူလေး (၅၆)နှစ် (ဘ) ဦးဒေါင်ထော တောင်သူ လီဆူးတိုင်းရင်းသား။
(၁၄) မောင် ဆယ်ဆိုင်းတူး (၁၆)နှစ် (ဘ)ဦး လဆယ်ဇော်ရာ ကျောင်းသား လီဆူးတိုင်းရင်းသား။
(၁၅) မောင်ဂျားနော်အောင် (၂၀)နှစ် (ဘ)ဦးလဂျားလ တောင်သူ လီဆူးတိုင်းရင်းသား။
(၁၆) မောင်ရှရော်အောင် (၁၇)နှစ် (ဘ) ဦးနော်ဖန်း တောင်သူ လီဆူးတိုင်းရင်းသား။

အထက်ပါ ကျေးရွာသားများ(၄၅)ဦး သည် လီဆူးတိုင်းရင်းသားများနှင့် ဗမာ တိုင်းရင်းသားများသာ
ဖြစ်ပြီးအသက်အရွယ် ကြီးလွန်းသူနှင့် အသက်အရွယ် ငယ်လွန်းသူများသာ ဖြစ်ကြောင်း
သိရှိရပါသည်။

Related

news 4690498232890109674

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item